



Shoon (Cele Daily)

Unicode

ဒူးရင်းသီးတွေကို ဘာလဲဆိုပြီး သွားလေ့လာသည့် ကြောင်ကလေး ဒူးရင်းသီး၏အနံ့ကြောင့် မျက်လုံးပြူးပြီး မူလဲသွားရသည့် ချစ်စရာအဖြစ်လေး

တိရိစ္ဆာန်လေးတို့သည် လူသားများကဲ့သို့ စကားမပြောနိုင်ကာ ညဏ်ရည်အနည်းငယ်နိမ့်ပါးကြသော်လည်း ပြုမူနေထိုင်ပုံများဟာ လူသားများကဲ့သို့ အတူတူပင်ဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ TuTuဆိုသည့် ချစ်စဖွယ်ကြောင်ကလေးဟာ အရာရာကို စူးစမ်စပ်စုချင်ခဲ့ပုံရပါတယ်။

ဒူးရင်းသီးများထည့်ထားသည်ကို ကြောင်ကလေးက ဘာလဲဆိုသည့်ပုံစံမျိုးဖြင့် အနားကပ်လာခဲ့ပြီး နမ်းကြည့်ခဲ့တော့တာဖြစ်ပါတယ်။ထို့နောက်တွင် ကြောင်ကလေးဟာ ဒူးရင်းသီး၏ စူးရှလှသော အနံ့ကြောင့် မျက်နှာပျက်သွားကာ မျက်လုံးကြီးပြူးပြီး ပက်လက်လှန်မူးလဲသွားခဲ့ရတာဖြစ်ပါတယ်။

ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသော သခင်ဖြစ်သူဟာလည်း အံ့သြနေခဲ့ရတာဖြစ်ပါတယ်။ကြောင်ကလေး၏ စပ်စုရာက မူးလဲသွားရသည့်အဖြစ်ဗီဒီယိုလေးဟာ လူတိုင်းကို သဘောကျနေစေတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment