



Shoon (Cele Daily)

Unicode

ထူးထူးခြားခြားလေးဖြစ်သွားအောင် ခွေးကလေး၏ နှုတ်သီးပေါ်ကိုမှ လက်စွပ်လေးတင်ပြီး ကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့သည့် အမျိုးသား၏ ဝမ်နည်းစရာအဖြစ်

လူတိုင်းကတော့ မိမိအမှန်တကယ် ရင်ထဲက ချစ်မြတ်နိုးမိသော သူကို လက်ထပ်ခွင့်တောင်းရာ၌ ထူးထူးခြားခြားလေးဖြစ်စေချင်တာ သဘာဝဘဲဖြစ်ပါတယ်။တစ်ခုတစ်လေတွင် အဆန်းထွင်မှုတွေလွန်ကဲပြီး တလွဲဖြစ်သွားရသည့် အခိုက်အတန့်လေးများကိုလည်း ကြုံတွေ့နေရပါတယ်။

ယခုတွင်လည်း အမျိုးသားတစ်ဦးဟာ သူအရမ်းချစ်ရသည့် ကောင်မလေးကို လက်ထပ်ခွင့်တောင်းရာ၌ အိမ်တွင်မွေးထားသော ခွေးကလေးကိုလည်း အသုံးပြုခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာ ခွေးကလေး၏နှုတ်သီးပေါ်တွင် လက်စွပ်ကလေးကို တင်ထားခဲ့ပြီး ကောင်မလေးဆီသို့ ပေးပြီး လက်ထပ်ခွင့်တောင်းဖို့ စီစဥ်ခဲ့ခြင်းဖြစ်ပါတယ်။

သို့သော်လည်း ခွေးကလေးဟာ သူ၏နှုတ်ခမ်းပေါ်သို့ လာတင်ထားသည့် လက်စွပ်ကို လေပေါ်မြှောက်သွားအောင် လုပ်ခဲ့ပြီး တစ်ခါတည်းပါးစပ်ထဲသို့လှမ်းယူကာ မြိုချပစ်လိုက်တာလည်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment