



Shoon (Cele Daily)

Unicode

လူတွေမသိကြသေးသည့် ရယ်မောပြီးမရပ်တော့သည့် ကူးစက်မြန်ရောဂါကြောင့် လူတစ်ထောင်ကျော် ရယ်မောရင်းသတိလစ်သွားလို့ ကျောင်းတွေပိတ်ခဲ့ရသည့်အဖြစ်

ရယ်မောခြင်းရောဂါဟုဆိုလိုက်ခြင်းကြောင့် စာဖတ်သူအများစုတို့အနေဖြင့် မယုံကြည်နိုင်အောင် ဖြစ်သွားမှာသေချာပါတယ်။ရယ်မောခြင်းရောဂါကိုတော့ တန်ဇန်းနီးယားနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း၆၀ခန့် ၁၉၆၂ခုနှစ် ဇန်နဝါရီလ၃၀ရက်နေ့၌ စာသင်ကျောင်းတစ်ခုတွင် စတင်ဖြစ်ပြီးခဲ့တာဖြစ်ပါတယ်။

Kashashaကျေးရွာမှ ကျောင်းသူလေးသုံးဦးက ရယ်မောနေခဲ့ကြပြီး နာရီပေါင်းများစွာကြာသော်လည်း မရပ်ဘဲ ရယ်နေသေးသဖြင့် သတိထားမိခဲ့ကြပါတယ်။ထိုမှတစ်ဆင့် အခြားကျောင်းသူကျောင်းသားများကိုလည်း ကူးစက်ခဲ့ပြီး မရပ်မနားဘဲ ရယ်နေခဲ့ကြလို့ လူပေါင်းတစ်ထောင်ကျော်ဆိုလျှင် ရယ်မောရင်းမှ သတိလစ်သွားခဲ့ရတာဖြစ်ပါတယ်။

ထို့ကြောင့် အစိုးရက အရေးပေါ်ကြေညာပြီး ကျောင်းပေါင်း၁၄ကျောင်းကို ယာယီပိတ်ထားခဲ့ရဖူးတာလည်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment