Shoon (Cele Daily)
Unicode
ဆရာဖြစ်သူ၏ချောမောလှပသော ရုပ်ရည်ကြောင့် စာကိုအာရုံမစိုက်နိုင်အောင် ဖြစ်နေခဲ့ရပြီဆိုတဲ့ တပည့်ကျောင်းသူလေးများ
တောင်ကိုရီယားနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတတ်မှုတို့နှင့်အတူ ချောမောလှပသော မင်သားမင်းသမီးတို့နှင့် အဆိုတော်များစွာတို့ကြောင့် ကမ္ဘာကျော်နေသော နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ယခုတွင်တော့ တောင်ကိုရီးယားနိုင်ငံမှ ကိုရီယားလူမျိုးဆရာတစ်ဦးဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ပညာသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ထိုဆရာဟာ နာမည်ကြီးအနုပညာရှင်မဟုတ်သော်လည်း အလွန်ချောမောလှပနေခဲ့သောကြောင့် ကျောင်းသူများ၏အကြားတွင် ရေပန်းစားချစ်ခင်မှုကို ရရှိနေသူဖြစ်ပါတယ်။ထိုဆရာဟာ တောင်ကိုရီးယားနိုင်ငံတွင်နေထိုင်သူဖြစ်ပြီး Keunho Kimဟုအမည်ရကာ ဟနွိုင်းမြို့ အထက်တန်းကျောင်းတွင် ကိုရီးယားဘာသာစကားကို သင်ကြားပေးရန်အတွက် လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
ထိုဆရာဟာ ကျောင်းသူတပည့်လေးတွေကြောင့် အင်တာနက်တစ်ခွင်တွင် နာမည်ရလာခဲ့ပြီဖြစ်ပါတယ်။
Shoon (Cele Daily)