



Shoon (Cele Daily)

Unicode

ဂိမ်းကစားရန်နှင့်မုန့်ဝယ်စားရန်အတွက် ပိုက်ဆံမရှိသောကြောင့် လုယှက်ခြိမ်းခြောက်ပြီးပိုက်ဆံရှာဖွေခဲ့သည့် ၉တန်းကျောင်းသားသုံးဦး အဖမ်းခံခဲ့ရ

အသက်မပြည့်သေးသည့်အချိန် လူငယ်သဘာဝတွင် အခြားသူများပြုလုပ်သည်များကို အမှားအမှန်မချင့်ချိန်တတ်ဘဲ အားကျအတုယူကာ လုပ်ဆောင်လိုကြသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ဝေငူကွန်တမ်လမ်းတွင် ၉တန်းကျောင်းသားလေးသုံးဦးဟာ မဖြစ်သင့်သော အမှားကို ကျူးလွန်ခဲ့ကြပါတယ်။

ငုယင်ဘဟောင် ၊ ငုယင်တိုင်အန်းနှင့် ငုယင်ဟူးတွမ်ဆို့သည့် ကိုးတန်းကျောငသားလေးသုံးဦးဟာ ဂိမ်းဆိုင်တွင် ဆော့ကစားရန်နှင့် မုန့်အချို့ကို ဝယ်စားချင်ခဲ့သည်။ထို့ကြောင့် ဆိုင်ကယ်စီးနှင်းလာသော လင်မယားနှစ်ဦးထံမှ လက်နက်များကို အသုံးပြုပြီး ချိန်းခြောက်ကာ ပိုက်ဆံရယူဖို့ကြိုးစားခဲ့ကြပါတယ်။

ထို့ကြောင့်လည်း ရဲတပ်ဖွဲ့များက ကျောင်းသားလေးသုံးဦးကို ချက်ချင်းရှာဖွေကာ ဖမ်းဆီးအရေးယူခဲ့တာလည်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment