



Shoon (Cele Daily)

Unicode

အောက်ပိုင်းချို့ယွင်းပြီး လမ်းမလျှောက်နိုင်သော်လည်း နိုင်ငံအနှံလှည်ပတ်ပြီး ခရီးသွားချင်သည့် ဆန္ဒကို မစွန့်လွတ်ဘဲ ဆိုင်ကယ်လေးဖြင့် တစ်ကိုယ်တော်ခရီးသွားနိုင်အောင် ကြိုးစားခဲ့သူ

လူတိုင်းတွင်တော့ စိတ်ကူးယဥ်တွေးတောထားသော အိမ်မက်လေးတွေကို ကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။သို့သော်လည်း အချို့သူများဟာ အခြေအနေတစ်ခုကြောင့် အိမ်မင်တွေကို အကောင်အထည်မဖော်နိုင်သည့်အချိန်မျိုးလည်း ကြုံတွေ့ရတတ်တာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှ Phan Vu Minhဆိုသည့် အမျိုးသားဟာ နိုင်ငံအနှံကို တစ်ယောက်တည်းအေးဆေးစွာအလှည်အပတ်သွားချင်သည့်ဆန္ဒလေးရှိနေခဲ့ပါတယ်။အမျိုးသားဟာ အသက်၁၂နှစ်အရွယ်မှစတင်ကာ ခါးနာခြင်းကို စတင်ခံစားလာခဲ့ရပြီး အသက်၂၀အရွယ်တွင်တော့ ကျောရိုးသွေးကြောများပုံပျက်နေခြင်းကြောင့် အောက်ပိုင်းတစ်ခုလုံး လှုပ်ရှားမရတော့ကြောင်းသိရပါတယ်။

သို့သော်လည်း အမျိုးသားဟာ သူ၏အိမ်မက်တွကို အကောင်အထည်ဖော်နိုင်အောင် အမြဲစိတ်ကူးနေခဲ့ပြီး နောက်ဆုံးမှာတော့ ဆိုင်ကယ်လေးဖြင့် တစ်ယောက်တည်းခရီးထွက်နိုင်ခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment