



Shoon (Cele Daily)

Unicode

အကြောသေပြီး လမ်းကောင်းကောင်းမလျှောက်နိုင်သောမိခင်ကြောင့် ဖခင်ကထားသွားရာ မိခင်ကို လက်တွင်ကြိုးလေးချိတ်ပြီး လမ်းပြကာ တောင်းစားနေရသည့် သမီးလေးကို စေတနာရှင်များက ဖခင်ကိုပြန်ရှာပေးခဲ့ကြ

အသက်၃နှစ်အရွယ်သာရှိသေးသည့် ဗီယက်နမ်နိုင်ငံမှ သမီးငယ်လေး၏ မိသားစုအခြေအနေလေးဟာ စိတ်မကောက်းဖွယ်ရာ တွေ့ခဲ့ရပါတယ်။သမီးငယ်လေး၏မိခင်ဖြစ်သူဟာ ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံးကအကြောများသေသွားခဲ့ပြီး လှုပ်ရှားနိုင်ရန် ခက်ခဲနေခဲ့ပြီး လမ်းလျှောက်ရန်လည်း အချိန်တော်တော်ယူနေခဲ့ရပါတယ်။

သို့သော်လည်း ကလေးငယ်ဟာ မိခင်ကို လက်တွင်ကြိုးလေးဖြင့်ချိတ်ထားပြီး လမ်းမထက်တွင် လိုက်လံတောင်းစားနေခဲ့ရပါတယ်။ကလေး၏ဖခင်ကလည်း ဇနီးသည်နေမကောင်းစဖြစ်တည်းက အိမ်ကထွက်သွားခဲ့သည်ဟု သိခဲ့ရပါတယ်။

ထို့ကြောင့် စေတနာရှင်လူအချို့ဟာ ကလေး၏ဖခင်ကို ရှာဖွေပြီး အကြောင်းစုံကိုရှင်းပြခဲ့သောအခါ ဝမ်းနည်းပြီးမျက်ရည်ကျကာ ငိုကြွေးနေခဲ့ပြီး နေအိမ်ဆီသို့ ပြန်လိုက်သွားခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment