



Shoon (Cele Daily)

Unicode

အစားအသောက်သွားပို့စဥ် ယာဥ်ကိုမဆင်မခြင်မောင်းသူတစ်ဦးကြောင့် ကားတိုက်ခံရသောအခါ ကားမောင်းသူက လဲကျနေတာကိုဆွဲမထူဘဲ အလျှော်ပေးဖို့ တောင်းဆိုခံရသည့် ကောင်လေး

အချို့သောလူသားများသည် သူတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာရတနာများထက် အခြားမည်သူကိုမှ တန်ဖိုးထားတက်ခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ညအချိန်တစ်ခုတွင် အဖြစ်အပျက်လေးဟာ လူတိုင်းကို စိတ်ပျက်စေမှာသေချာပါတယ်။

အစားအသောက်ပို့သည့်ကောင်လေးဟာ ဆိုင်ကယ်လေးဖြင့် ပစ္စည်းသွားပို့စဥ် မဆင်မခြင်မောင်းလာသော မာစီးဒီးကားဖြင့် တိုက်ခံခဲ့ရပြီး လဲကျသွားခဲ့ပါတယ်။ထိုအခါ ကားပိုင်သည့်အမျိုးသားဟာ ကားပေါ်မှဆင်းလာခဲ့ပြီး လဲကျနေသောကောင်လေး၏အနားသို့ကပ်ကာ ကားထိခိုက်မိတာကို ပြန်လျှော်ပေးဖို့ တောင်းဆိုခံခဲ့ရတာဖြစ်ပါတယ်။

ကားပိုင်ရှင်အမျိုးသားဟာ တဖက်လူအဆင်ပြေလားပင် မေးဖော်မရဘဲ လျှော်ကြေးငွေတောင်းနေတာဟာ စိတ်ပျက်ဖွယ်ကောင်းလှပါတယ်။

Shoon (Cele Daily)

  • Leave a Comment