မိခင္၏ဖုန္းကိုတိတ္တိတ္ေလးယူၿပီး လိုင္းေပၚမွစားခ်င္သည့္မုန္႔မ်ားစြာကို မွာယူၿပီး ပါတီပြဲဆင္ႏြဲကာ ေအာင္ပြဲခံေနခဲ့သည့္ အသက္၄ႏွစ္အ႐ြယ္ ကေလးငယ္

တိုးတက္လာေသာေခတ္ႀကီးႏွင့္အတူ လူသားတို႔၏ေနထိုင္မႈပုံစံအားလည္းအဆင့္ျမင့္လာၾကၿပီျဖစ္ပါတယ္။ကေလးငယ္တို႔ဟာလည္း ေခတ္ကိုအမွီလိုက္ႏိုင္ခဲ့ၾကၿပီး အ႐ြယ္မေရာက္ေသးခင္မွာဘဲ နည္းပညာမ်ားကို ကြၽမ္းက်င္ေနခဲ့ပါတယ္။

ယခုတြင္လည္း ဘရာဇီးႏိုင္ငံမွအသက္၃၂ႏွစ္အ႐ြယ္ မိခင္တစ္ဦးဟာ သူ၏ေလးႏွစ္အ႐ြယ္သား၏ လုပ္ခ်လိုက္ပုံကို လိုင္းေပၚမွ်ေဝလာခဲ့ပါတယ္။ေလးႏွစ္အ႐ြယ္သားေလးဟာ မိခင္၏ဖုန္းကို တိတ္တိတ္ေလးယူေဆာင္ကာ လိုင္းေပၚမွတစ္ဆင့္ McDonald’sဆိုင္မွ မုန္႔အစုံကို ဆယ္ပြဲတိတိမွာယူခဲ့သည့္အျပင္ အျခားေသာ ေရခဲမုန္႔မ်ား ပန္းသီး၊ဒိန္ခ်ဥ္တို႔ကိုလည္းမ်ားစြာဝယ္ယူခဲ့တာျဖစ္ပါတယ္။

ထို႔ေနာက္တြင္ေနအိမ္စားပြဲတြင္ ေသခ်ာစြာျပင္ဆင္ၿပီး ပါတီပြဲဆင္ႏြဲကာ မိခင္ျဖစ္သူကိုလည္း လက္မေလးေထာင္ျပရင္း ေပ်ာ္႐ြင္ေၾကာင္း ျပသေနခဲ့ပါတယ္။

Shoon (Cele Daily)

Unicode

မိခင်၏ဖုန်းကိုတိတ်တိတ်လေးယူပြီး လိုင်းပေါ်မှစားချင်သည့်မုန့်များစွာကို မှာယူပြီး ပါတီပွဲဆင်နွဲကာ အောင်ပွဲခံနေခဲ့သည့် အသက်၄နှစ်အရွယ် ကလေးငယ်

တိုးတက်လာသောခေတ်ကြီးနှင့်အတူ လူသားတို့၏နေထိုင်မှုပုံစံအားလည်းအဆင့်မြင့်လာကြပြီဖြစ်ပါတယ်။ကလေးငယ်တို့ဟာလည်း ခေတ်ကိုအမှီလိုက်နိုင်ခဲ့ကြပြီး အရွယ်မရောက်သေးခင်မှာဘဲ နည်းပညာများကို ကျွမ်းကျင်နေခဲ့ပါတယ်။

ယခုတွင်လည်း ဘရာဇီးနိုင်ငံမှအသက်၃၂နှစ်အရွယ် မိခင်တစ်ဦးဟာ သူ၏လေးနှစ်အရွယ်သား၏ လုပ်ချလိုက်ပုံကို လိုင်းပေါ်မျှဝေလာခဲ့ပါတယ်။လေးနှစ်အရွယ်သားလေးဟာ မိခင်၏ဖုန်းကို တိတ်တိတ်လေးယူဆောင်ကာ လိုင်းပေါ်မှတစ်ဆင့် McDonald’sဆိုင်မှ မုန့်အစုံကို ဆယ်ပွဲတိတိမှာယူခဲ့သည့်အပြင် အခြားသော ရေခဲမုန့်များ ပန်းသီး၊ဒိန်ချဥ်တို့ကိုလည်းများစွာဝယ်ယူခဲ့တာဖြစ်ပါတယ်။

ထို့နောက်တွင်နေအိမ်စားပွဲတွင် သေချာစွာပြင်ဆင်ပြီး ပါတီပွဲဆင်နွဲကာ မိခင်ဖြစ်သူကိုလည်း လက်မလေးထောင်ပြရင်း ပျော်ရွင်ကြောင်း ပြသနေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment