



Shoon (Cele Daily)

Unicode

မိဘနှစ်ပါးလုံးဆုံးရှုံးသွားပြီးနောက်တွင် အဖိုးအဖွားနှင့်ညီလေးတွေကို စောင့်ရှောင့်ပေးနိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းတွင် အုတ်ခဲသယ်ကူပေးပြီး ဝင်ငွေရှာဖွေနေသည့်ကလေး

ဗီယက်နမ်နိုင်ငံ Ha Giangကျေးရွာနေထိုင်သော Sung Laဆိုသည့်ကလေးငယ်ဟာ လေးတန်းကျောင်းသားအရွယ်သာရှိနေသေးတာဖြစ်ပါတယ်။ကလေးဟာ ညီအကိုသုံးဦးရှိပြီး မိဘနှစ်ပါးလုံးက မရှိတော့သည့်အတွက် အဖိုးအဖွားနှင့်နေထိုင်သူဖြစ်ပါတယ်။

အဖိုးအဖွားတို့ဟာ အသက်အရွယ်ကြီးနေပြီဖြစ်ကာ အလုပ်မလုပ်နိုင်တော့သဖြင့် ညီအငယ်နှစ်ဦးနှင့် အဖိုးအဖွားတို့ကို Sung Luက စောင့်ရှောင့်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ထို့ကြောင့် ကလေးဟာ ကျေးရွာက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်ဝင်လုပ်ခဲ့ပြီး အုတ်ခဲများကို မနိုင်မနင်းသယ်ယူကာ ဝင်ငွေရှာဖွေနေရပါတယ်။

ကလေး၏အခက်အခဲကို ရွာလူကြီးများက သိရှိသွားခဲ့ပြီးနောက်တွင် လိုအပ်သည့်ပံ့ပိုးကူညီမှုအနည်းငယ်ကို ပြုလုပ်ပေးခဲ့ကြသည်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment