Shoon (Cele Daily)
Unicode
မိဘနှစ်ပါးက ကွာရှင်းပြတ်ဆဲပြီး ဘယ်သူမှတာဝန်မယူဘဲထားခဲ့လို့ ကင်ဆာရောဂါနှင့်ဒုက္ခရောက်နေရပြီး ပတ်ဝန်းကျင်းက ဂရုစိုက်ပေးလို့ ဆေးရုံတက်ခွင့်ရခဲ့သည့်ကလေး
ဒုက္ခဆိုသောအရာကို လူတိုင်းက ကြုံဆုံနေကြရပြီး အခက်အခဲများကို တွန်းလှန်နိုင်သော ခွန်အားတစ်ခုရှိနေရမည်ဖြစ်ပါတယ်။အသက်ဆယ်နှစ်အရွယ်သာရှိသေးသည့် ကလေးတစ်ဦးဟာ ကင်ဆာရောဂါကို ခံစားနေရပြီဆိုလျှင် တစ်ဦးတည်းဖြတ်ကျော်ရန်ခက်ခဲလှပါတယ်။
ဗီယက်နမ်နိုင်ငံ Dong Sonခရိုင် Van Locကျေးရွာမှ အသက်၁၀နှစ်အရွယ်ကလေးဟာ ကင်ဆာရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ကလေး၏မိဘများဟာ ကွာရှင်းပြတ်စဲခဲ့ကြပြီး ကလေးကို မည်သူမှ တာဝန်မယူချင်သည့်အတွက် ရောဂါနှင့်အတူ တစ်ဦးတည်းကျန်နေခဲ့ပါတယ်။
ထို့ကြောင့် ကလေးငယ်ကို အိမ်နီးချင်းမှ အသက်၆၇နှစ်အရွယ် ငုယင်သီတမ်ကဦးဆောင်ပြီး ကျေးရွာစေတနာရှင်များနှင့် ပူးပေါင်းကာ ကလေးကို ဟနွိုင်းမြို့ဆေးရုံသို့ တင်ပို့ပြီး ကုသမှုခံယူနိုင်ရန် ကူညီပေးထားပါတယ်။
Shoon (Cele Daily)