



Shoon (Cele Daily)

Unicode

လိုင်းပေါ်မှတွေ့ခဲ့သည့် ချစ်သူမိန်းမချောလေးနှင့် ဟော့ပေါ့ဆိုင်တွင် စားသောက်ရင်း ချိန်တွေ့ခဲ့ရာမှ ကောင်မလေး၏စားသောက်ပုံကိုမြင်ပြီး လန့်သွားခဲ့ရသည့်ကောင်လေး

ဆိုရှယ်မီဒီယာများကို တွင်ကျယ်စွာသုံးစွဲလာသည့်နှင့်အမျှ အွန်လိုင်းမှတစ်ဆင့် မိတ်ဆွေအပေါင်းအသင်းများစွာရရှိလာခဲ့ပြီး ချစ်သူရည်းစားများလည်း ရရှိလာကြတာဖြစ်ပါတယ်။တရုတ်နိုင်ငံမှ နာမည်ကြီးကုမ္ပဏီတစ်ခုတွင် အလုပ်သင်ဘဝဖြင့် စတင်အလုပ်လုပ်နေသော Tieu Lyဆိုသည့် လူငယ်ကောင်လေးဟာလည်း အွန်လိုင်းဂိမ်းတစ်ခုကို ဆော့ကစားရမှ ကောင်မလေးတစ်ဦးနှင့် သိရှိခဲ့ရသည်။

ထို့နောက် အပြန်အလှန်စကားပြောကြားရင်းမှ ရင်းနှီးပြီးချစ်သူအဆင့်သို့ရောက်ရှိကာ ကောင်မလေးဟာ Wuhanတက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ Tieu Ninhဟုသိခဲ့ရသည်။

ထို့နောက် အပြင်တွင်ချိန်းတွေ့ရင်း ဟော့ပေါ့အတူတူစားသောက်ခဲ့ရာတွင်တော့ ကောင်မလေး၏ ဟော့ပေါ့စားနေပုံများကြောင့် အတော်လေးလန့်သွားခဲ့ရတော့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment