



Shoon (Cele Daily)

Unicode

လမ်းဖြတ်ကူးရင်း ဆိုင်ကယ်နှင့်တိုက်မိပြီး ဆေးရုံတင်လိုက်ရသောအခါတွင် မေမေမှာပိုက်ဆံရောရှိရဲ့လားဟုဆိုကာ မိခင်ကိုပင် ပြန်လည်စိတ်ပူပေးနေသေးသည့် ကလေး

မိဘတို့၏ကျေးဇူးကို သိတတ်သော သားသမီးငယ်လေးတို့ကို တွေ့မြင်လိုက်ရလျှင် လူတိုင်း၏နှလုံးသားလေးဟာ အလိုလိုပြုံးရွင်လာခဲ့မှာဖြစ်ပါတယ်။အသက်၉နှစ်အရွယ်ကလေးဟာ ဆိုင်ကယ်နှင့်မတော်တဆထိမိပြီး ဆေးရုံတင်ခဲ့ရသောအခါတွင်လည်း မိခင်၏ဆေးရုံစရိတ်အတွက် ပူပန်နေမှာကို စိုးရိမ်ခဲ့သည်။

ကလေးဟာ လမ်းဖြတိကူးနေရင်းမှ ဆိုင်ကယ်နှင့်တိုက်မိပြီး စိုးရိမ်ရကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။ထိုအချိန်တွင် ကလေးဟာ သူတို့၏နေအိမ်တွင် ပိုက်ဆံမရှိကြောင်း ပြောဆိုနေခဲ့ပါတယ်။ထို့နောက် သူ၏မိခင်ကိုတွေ့သောအခါတွင်လည်း ပိုက်ဆံအများကြီးကုန်ကျလိမ့်မယ် မေမေမှာပိုက်ဆံရောအလုံအလောက်ရှိရဲ့လားဟုမေးမြန်းနေခဲ့သေးတာဖြစ်ပါတယ်။

ကိုယ်တိုင်ဆေးရုံတင်ထားရသည့် အခြေအနေတွင်ပင် မိသားစု၏ဝင်ငွေကို စိတ်ပူနေသေးသည့် အသက်၉နှစ်အရွယ်ကလေး၏ စကားဟာ လူတိုင်း၏နှလုံးသားကို ရိုက်ခတ်သွားခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment