



Shoon (Cele Daily)

Unicode

ကိုယ်တိုင်ရေးဆွဲထားသည့် ပိုက်ဆံအတုလေးများဖြင့် ၇နှစ်တိုင်တိုင်နေ့စဥ်ခေါက်ဆွဲလဝယ်တတ်သည့် အိမ်ခြေမဲ့အဖိုးကို မသိချင်ယောင်ဆောင်ပြီး စေတနာမပျက်ရောင်းပေးနေခဲ့သည့်ဆိုင်ရှင်

မိမိတို့လူသားများဟာ အဆင်မပြေသူတွေကို မျက်မြင်ကူညီပေးနိုင်သကဲ့သို့ တစ်ဖက်လှည့်ဖြင့်လည်း ကူညီဆောင်မ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Zhejiangပြည်နယ် Wenzhouမြို့မှ ခေါက်ဆွဲပိုင်ရှင်တစ်ဦး၏ အိမ်ခြေရာမဲ့ အဖိုးအိုကို ကူညီနေခဲ့ပုံဟာ ချီးကျူးဖွယ် ကောင်းလှပါတယ်။

အိမ်ခြေရာမဲ့ အဖိုးအိုဟာ ခေါက်ဆွဲဆိုင်သို့ လာရောက်ပြီး သူကိုယ်တိုင်ရေးဆွဲထားသည့် စက္ကူပိုက်ဆံလေးများဖြင့် ဝယ်ယူလေ့ရှိတာဖြစ်ပါတယ်။ပိုက်ဆံများဟာ စက္ကူတွေမှန်း သိနေခဲ့သော်လည်း ဆိုင်ရှင်မိသားစုတစ်ခုလုံးဟာ မသိချင်ယောင်ဆောင်ပြီး ရောင်းချပေးနေခဲ့ပါတယ်။

ထိုသို့ရောင်းချပေးနေခဲ့သည်မှ ၇နှစ်တိတိရှိပြီဖြစ်သော်လည်း ဆိုင်ရှင်ဟာ စေတနာမပျက်ရောင်းချပြီး ကူညီပေးနေဆဲဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment