



Shoon (Cele Daily)

Unicode

လုပ်ငန်းခွင်တွင် လက်နှစ်ဖက်လုံးဆုံးရှုံးသွားရသော်လည်း သမီး၏အနာဂတ်အတွက် ငွေကြေးထောက်ပံ့နိုင်ရန် ဘဝကိုအရှုံးမပေးဘဲ သုံးဘီဆိုင်ကယ်လေးမောင်းပြီး ငွေရှာနေခဲ့သည့်ဖခင်

အရာရာတိုင်းတွင် အနမ့်အမြင့်အတတ်ကျဆိုတာရှိနေတတ်ပြီး လောကကြီးကို ဘယ်တော့မှပုံသေတွက်ထား၍မရနိုင်ပေ။မည့်သည့်အရာတွင်မဆို မိမိကိုယ်တိုင်က အရှုံးမပေးသေးသ၍ အောင်မြင်မှုဆိုတာကို ရရှိလာမှာသေချာပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အသက်၃၆နှစ်အရွယ် Mr.Zhaoဆိုသည့်အမျိုးသား၏ ဘဝက်ုအရှုံးမပေးဘဲ ကြိုးစားနေပုံဟာ လူအများအတွက် အတုယူစရာဖြစ်နေခဲ့ပါတယ်။အမျိုးသားဟာ လုပ်ငန်းခွင်တစ်ခုတွင် လက်နှစ်ဖက်လုံးကို ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။သို့သော်လည်း သမီးလေးကို ကျောင်းထားပေးနိုင်ရန်အတွက် ငွေကြေးကို ရှာဖွေဖို့ အရှုံးမပေးဘဲ လုပ်ကိုင်နိုင်သည့်အလုပ်ကို ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

အမျိုးသားဟာ ကုန်ပစ္စည်းမျိုးစုံကို သုံးဘီဆိုင်ကယ်လေးဖြင့်တင်ပို့ပြီး လိုက်လံပို့ဆောင်ပေးနေဆဲဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment