



Shoon (Cele Daily)

Unicode

အဝလွန်နေလို့ဟုဆိုကာ ထားသွားခဲ့သည့်ကောင်လေးကို နောင်တတွေနဲ့ကျန်ရစ်နေစေရန် ၂လအတွင်း ဝိတ်ချကာပြောင်းလဲပြခဲ့သည့် အမျိုးသမီး

လူတိုင်းမဟုတ်ပေမဲ့ အချို့သော ယောကျာ်းလေးများသည် ချစ်သူမိန်းမလေးတို့ကို လှပချောမောနေမှသာလျှင် သဘောကျနှစ်သက်ကြပါတယ်။လူတိုင်းတွင် ကြိုက်နှစ်သက်မှုကိုယ်စီရှိကြပြီး စိတ်အခြေအနေကြောင့် အမျိုးမျိုးကွဲပြားနေတာလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ Bristolမြို့မှ Faye Harding ဆိုသည့် အသက်၃၅နှစ်အရွယ်အမျိုးသမီးဟာ ပေါင်ချိန်၁၈၀လောက်အထိဝနေခဲ့ပါတယ်။ထို့ကြောင့်လည်း သူ၏ချစ်သူကောင်လေးဟာ သူမကိုအဝလွန်နေသောကြောင့် ဆက်မတွဲနိုင်တော့ဟုဆိုကာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်အမျိုးသမီးဟာလည်း သူမဘယ်လောက်လှလဲဆိုတာ သိရှိသွားစေရန်အတွက် ၂လအတွင်းဝိတ်လျော့ကာ ပြောင်းလဲပြခဲ့ပါတယ်။သူမဟာ အလွန်ကြိုက်နှစ်သက်သည့် အာဘူးချောင်းကြော် ဒိန်ချဥ်နှင့် ကွတ်ကီးမုန့်တွေလုံးဝမစားတော့ဘဲ အစားအသောက်ဆင်ခြင်ကာ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment