



Shoon (Cele Daily)

Unicode

ကင်ဆာရောဂါကြောင့် နောက်ဆုံးအချိန်ကိုရောက်ရှိနေသည့် ချစ်သူလေး၏ဆန္ဒလေးကို ဖြည့်ဆည်းပေးနိုင်ရန် ဝမ်းနည်းမှုတွေကိုဖုံးကွယ်ပြီး မင်္ဂလာပွဲလေးကို ကျင်းပပေးခဲ့သည့် ကောင်လေး

ဘဝတစ်ခုလုံးကို ပုံအောပြီး ချစ်ခဲ့ရသော်လည်း လောကးလံန်ဆန်မရနိုင်သော အခြေအနေဆိုးကြောင့် ကွဲကွာရတော့မည် ချစ်သူနှစ်ဦးအတွက် ဝမ်းနည်းစရာကောင်းနေမှာလည်း သေချာပါတယ်။ယခုတွင်လည်းထိုင်းနိုင်ငံမှ စုံတွဲနှစ်ဦး၏မင်္ဂလာပွဲလေးတွင် မိသားစုဝင်များအားလုံးဟာ ဝမ်းနည်းမှုတွေကို ဟန်ဆောင်ဖုံးကွယ်ရင်း ပြုံးနေခဲ့ရပါတယ်။

သတိုးသမီးလေးဟာ သွေးကင်ဆာရောဂါကြောင့် ဘဝ၏နောက်ဆုံးအချိန်ကိုရောက်ရှိနေခဲ့ပြီး ချစ်သူကောင်လေးနှင့် လက်ထပ်ချင်ခဲ့တာဖြစ်ပါတယ်။ချစ်သူကောင်လေးဟာလည်း သူမ၏နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်ရန် မိသားစုများနှင့်တိုင်ပင်ပြီး ဆေးရုံတွင် မင်္ဂလာပွဲလေးကျင်းပခဲ့ကြတာဖြစ်ပါတယ်။

မိသားစုဝင်များအားလုံးဟာလည်း သတိုးသမီးလေးစိတ်ချမ်းသာစေရန် ဟန်ဆောင်အပြုံများဖြင့် ဆင်နွဲခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment