



Shoon (Cele Daily)

Unicode

အစားအသောက်ပို့ဆောင်ရာ လုံခြုံရေးကတိုက်ထဲမပေးဝင်သဖြင့် အမျိုးသမီးကို အောက်ဆင်းယူခိုင်းခဲ့ရာအမျိုးသမီးက မကျေနပ်၍ လုံခြုံရေးကိုရော အစားအသာက်ပို့သူကိုပါ ကော်ဖီခွက်ဖြင့်ပေါက်ခဲ့

လူနေထူထပ်သော မြို့ပြများတွင် ကိုယ်ပိုင်လုံးချင်းအိမ်ရာများထက် အထပ်မြင့်အဆောက်အဦးများဖြင့် လူဦးရေများတွင် စုပေါင်းနေထိုင်ကြပါတယ်။ထို့ကြောင့် တိုက်ခန်းအိမ်ရာများတွင် လုံခြုံရေးအစောင်များဖြင့် နေထိုင်သူများအဆင်ပြေစေရန် စီစဥ်ထားတတ်ကြပါတယ်။

ယခုတွင် အစားအသောက်ပို့သူတစ်ဦးဟာ တိုက်ခန်းတစ်ခုမှ အမျိုးသမီးမှာယူထားသော အစားအသောက်များကို သွားပို့ပေးခဲ့ပါတယ်။ထိုအခါ တိုက်စောင့်သူလုံခြုံရေးက ကောင်လေးကို တိုက်ပေါ်တက်ခွင့်မပေးသောကြောင့် အမျိုးသမီးကို အောက်ဆင်းပြီးလာယူပေးဖို့တောင်းဆိုခဲ့ပါတယ်။

အမျိုးသမီးဟာ သူမ၏အခန်းထဲထိလိုက်ပို့ပေးနိုင်ခြင်းမရှိသည့်အတွက် ဒေါသထွက်ပြီး ဝင်ခွင့်မပေးသည့် လုံခြုံရေးနှင့် အစားအသောက်ပို့သူနှစ်ဦးလုံးကို ကော်ဖီထည့်ထားသောခွက်ဖြင့် ပစ်ပေါက်ခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment