



Shoon (Cele Daily)

Unicode

အသက်အရွယ်ကြောင့်အလုပ်မလုပ်နိုင်သော်လည်း သားသမီးများကပစ်ထားလို့ မြို့နှံလျှောက်သွားကာ ဓားသွေးပေးပြီး ဝင်ငွေရှာနေရသည့် အသက်၈၉နှစ်အရွယ်အဖိုးအို

မိဘတို့၏ကျေးဇူးကို မသိတတ်ဘဲ ကိုယ်တိုင်အဆင်ပြေရေးကိုသာ အစဥ်အမြဲတွေးနေတတ်သည့် သားဆိုးသမီးမိုက်များကို မြင်တွေ့ရလျှင် အတော်လေးစိတ်မကောင်းဖြစ်ကြရပေသည်။ငယ်စဥ်ကတည်းက ထမင်းမငတ်စေရန် ပြုစုလာခဲ့သော မိဘတို့၏ကျေးဇူးကို မမြင်တွေ့နိုင်တာ အံ့သြမိပေသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၈၉နှစ်အရွယ်အဖိုးအိုသည် အားကိုးစရာ သားသမီးနှစ်ဦးရှိသော်လည်း ဂရုစိုက်ခြင်းမရှိဘဲ ပစ်ထားခံရသည်။ထို့ကြောင့် ဘဝ၏စားဝတ်နေရေးအတွက် အလုပ်ကြမ်းများကိုလည်း မလုပ်နိုင်တော့သဖြင့် တတ်စွမ်းနိုင်သေးသည့် ဓားသွေးခြင်းဖြင့် ဝင်ငွေရှာဖွေနေရသည်။

အဖိုးအိုသည် မြို့အနှံလျှောက်သွားနေရပြီး လူအများအသုံးပြုသော မီးဖိုချောင်းသုံးဓားများက လှီးဖြတ်ရန် ခက်ခဲပြီးတုံးနေပါက ပြန်လည်သွေးပေးပြီး ဝင်ငွေရှာဖွေနေရပါတယ်။

Shoon (Cele Daily)

  • Leave a Comment