



Shoon (Cele Daily)

Unicode

ကွာရှင်းခဲ့တာ၅နှစ်လောက်ကြာပြီဖြစ်သော်လည်း ဇနီးသည်တွင် ကျောက်ကပ်ရောဂါခံစားနေရကြောင်းသိလိုက်ရသောအခါ ဂရုစိုက်စောင့်ရှောက်ပေးနိုင်ရန် ပြန်လည်လက်ထပ်ယူခဲ့သည့်အမျိုးသား

တစ်ဦးနှင့်တစ်ဦး စစ်မှန်သောချစ်ခြင်းတရားတို့ဖြင့် လက်တွဲခဲ့ကြသူများဟာ တစ်စုံတစ်ခုကြောင့် လမ်းခွဲခဲ့ကြလျှင်လည်း စိတ်နာသွားခြင်းမရှိဘဲ ရင်ထဲမှာ ထာဝရစိုးမိုးနေမှာဖြစ်ပါတယ်။အမျိုးသားတို့ဟာ သတိရခြင်းတွေကို ရင်ဘတ်ထဲတွင် ရှိနေတတ်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ Henan ပြည်နယ်မှ Chen Zhenfengဆိုသည့် ၃၉နှစ်အရွယ်အမျိုးသားဟာ ဇနီးသည်နှင့် ကွာရှင်းခဲ့သည့်မှာ ၅နှစ်ကြာပြီဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ကိုယ်ဝန်၂ကြိမ်တိတိပျက်ကျသောကြောင့် စကားများပြီး ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။

၅နှစ်ကျော်ကွာရှင်းထားသော်လည်း ဇနီးသည်က ကျောက်ကပ်ရောဂါကို အပြင်းအထန်ခံစားနေရကြောင်း သိလိုက်ရသောအခါတွင် အနီးကပ်ပြုစုစောင့်ရှောက်ပေးနိုင်ရန်အတွက် ပြန်လည်လက်ထပ်ခဲ့ကြပါတယ်။ဇနီးသည်လေးကတော့ အပျော်လွန်ပြီး ငိုကြွေးနေခဲ့ပါတော့တယ်။

Shoon (Cele Daily)

  • Leave a Comment