Shoon (Cele Daily)
Unicode
ကျောင်းစာများလုပ်နေသည့်အချိန်တွင် လက်ရေးမလှသဖြင့် မိခင်ဖြစ်သူက ဆူပူခဲ့သောအခါ ဝမ်းနည်းစွာဖြင့် ငိုယိုဖြင့် ဖခင်ဖြစ်သူကို အမေအသစ် ပြောင်းပေးဖို့ တောင်းဆိုခဲ့သည့်ကလေး
လူသားတို့၏ဘဝတွင် မည်မျှပင် ရုပ်ဆိုးပြီး ချစ်စရာမကောင်းဘူးဟုဆိုနေကြပါစေ ငယ်စဥ်အခါ ကလေးဘဝတုန်းကတော့ အလွန်ချစ်စရာကောင်းခဲ့တာသေချာပါတယ်။ယခုတွင်လည်း သူငယ်တန်းကျောင်းသားလေး၏ ဖခင်ဖြစ်သူကို ပူဆူနေပုံလေးဟာ လူတိုင်းကိုသဘောကျ ရယ်မောနေစေခဲ့ရပါတယ်။
တရုတ်နိုင်ငံ Sichuanတွင်နေထိုင်သော သူငယ်တန်းကလေးဟာ ကျောင်းစာများကိုလုပ်နေရင်းမှ လက်ရေးမလှလို့ဟုဆိုကာ မိခင်၏ဆူပူခြင်းကို ခံခဲ့ရပါတယ်။ထို့ကြောင့် အလွန်ဝမ်းနည်းသွားခဲ့ပြီး ငိုယိုကာ အလုပ်သွားနဆသည့်ဖခင်ကို ဖုန်းဆက်ပြီး မိခင်ဖြစ်သူက သူ့ကိုဆူပူနေသည့်အတွက် အမေအသစ်တစ်ယောက်ပြောင်းပေးဖို့ တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။
ထိုဗီဒီယိုလေးဟာ ချက်ချင်းပင် ပျံနှံသွားခဲ့ပြီး လူတိုင်းကို သဘောကျစေခဲ့ပါတယ်။
Shoon (Cele Daily)