



Shoon (Cele Daily)

Unicode

ကြက်ကလေးကိုအလွန်ချစ်သောကြောင့် ဆပ်ပြာတိုက်ရေချိုးပေသည့်အပြင် ခြေသည်းဆိုးဆေးပါဆိုးပေးပြီး ပုခတ်ဖြင့်သာအိပ်စေပြီး လူသားတစ်ဦးလို မွေးမြူထားသည့်အမျိုးသား

လူတိုင်းသည် မိမိတို့မွေးမြူထားသည့် တိရိစ္ဆာန်လေးတွေကို မိသားစုလေးတွေသဖွယ်ချစ်ခင်မြတ်နိုးတတ်ကြပါတယ်။သို့သော်လည်း တိရိစ္ဆာန်လေးများကို လူသားများကဲ့သို့ ကျင့်ကြံနေထိုင်ခိုင်းလိမ့်မည်မဟုတ်ပေ။

ယခုတွင် ဗီယက်နမ်နိုင်ငံ အသက်၃၈နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လွန်ခဲ့သော ၂နှစ်က ကြက်ပေါက်အဖြူလေးကို သမီးလေးအဖော်ရရှိစေရန် မွေးမြူခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် ကြက်ဖြူလေးကို တဖြည်းဖြည်းနှင့်အလွန်ချစ်ခင်လာခဲ့ပြီးနောက်တွင် သူ၏သားလေးပမာဂရုစိုက် စောင့်ရှောက်လာခဲ့တာဖြစ်ပါတယ်။

ကြက်ကလေးကို အမြဲသန့်ရှင်းနေစေရန် ဆပ်ပြာများဖြင့်သေချာစွာရေချိုးပေးပြီး ခြေသည်းများကိုလည်း သန့်ရှင်းနေစေရန် ဆေးဆိုးပေးသေးတာဖြစ်ပါတယ်။ညအိပ်ရာတွင်လည်း ပုခတ်လေးထဲတွင် ဇိမ်ကျကျအိပ်စက်ခိုင်းစေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment