



Shoon (Cele Daily)

Unicode

စာမေးပွဲမဖြေခင်တွင် အမှတ်များများရစေရန်အတွက် အတွင်းအားများစုစည်းနေသည့် တပည့်လေး၏အပြုအမူကို ဆရာမက သဘောကျပြီး ဗီဒီယိုရိုက်ခဲ့ရာမှ နာမည်ကြီးလာသည့်ကလေး

အတိတ်က ကလေးဘဝအခြေအနေလေးတွေကို ပြန်စဥ်းစားမိလိုက်တိုင်း ငယ်စဥ်အခါ ကျောင်းသားဘဝကို လူတိုင်းက ပြန်လည်ရောက်ရှိလိုကြပေသည်။ကလေးသူငယ်အရွယ်တွင် စာမေးပွဲဆိုအရာသည် အလွန်ပင်မုန်းတီးစရာကောင်းသော အရာဖြစ်သော်လည်း ရင်ဆိုင်ကျော်ဖြတ်နေကြရပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ စီချွန်းပြည်နယ်မှ ကျောငသားလေးတစ်ဦးဟာ စာမေးပွဲကို မဖြေဆိုခင် ရင်ဆိုင်နိုင်ရန် ကြိုးစားပုံဟာ လူတိုင်ယက သဘောကျစေခဲ့ရပါတယ်။ကလေးငယ်၏ စာမေးပွဲဖြေနိုင်ရန် အင်အားတွေစုစည်းနေပုံဟာ ဘာလုပ်နေမှန်း မသိရပေမယ့် ချစ်စဖွယ်ကောင်းနေတာအမှန်ပင်ဖြစ်ပါတယ်။

စာမေးပွဲအခန်းစောင့်သည့်ဆရာမတစ်ဦးဟာလည်း ကျောင်းသားငယ်လေး၏အပြုအမူကို သဘောကျသောကြောင့် ဗီဒီယိုရိုက်ကူးပြီး လိုင်းပေါ်တင်ခဲ့ရာ ကျောင်းသားလေးဟာ လူတိုင်း၏အချစ်ကို ရရှိခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment