လူတိုင္း၏ႏွလုံးသားကို ႐ိုက္ခတ္သြားေစခဲ့သည့္ ညဆိုင္းအလုပ္ဆင္းကာ ညတစ္နာရီမွျပန္လာမည့္ သားႏွင့္ထမင္းအတူတူစားရန္ ေစာင့္ဆိုင္းရင္း ထမင္းဝိုင္းေဘးေလးမွာ အိပ္ေပ်ာ္ေနခဲ့သည့္ မိခင္တစ္ဦး

မိခင္တစ္ေယာက္၏ ခ်စ္ျခင္းေမတၱာကို လူတိုင္းက သိရွိၾကၿပီး ေက်းဇူးတရားကို နာလည္သေဘာေပါက္ၾကရန္ သားသမီးတိုင္း၏ စိတ္ထဲတြင္ အသိတရားရွိေနသင့္ပါတယ္။သားသမီးတို႔၏အသက္အ႐ြယ္ မည္မွ်ပင္ႀကီးရင့္ေနပါေစ မိဘတို႔ဟာ ေနရာတိုင္းတြင္ စိတ္ပူေနဦးမည္ ျဖစ္ေပသည္။

ယခုတြင္လည္း တ႐ုတ္ႏိုင္ငံတြင္ ညတစ္နာရီမွ သားျဖစ္သူက အလုပ္ျပန္လာမည္ကို သိရွိေနေသာ္လည္း မအိပ္ႏွင့္ဘဲ သားျဖစ္သူကို ေစာင့္ေနခဲ့ေသာ မိခင္ကို သားျဖစ္သူက ျမင္ေတြ႕လိုက္ရၿပီး စိတ္မေကာင္းျဖစ္ေစခဲ့ရသည္။

မိခင္ဟာ သားေလးအလုပ္ကျပန္လာလွ်င္ ပင္ပန္းေနမည္စိုးေသာေၾကာင့္ ထမင္းဝိုင္းေလးအသင့္ျပင္ထားၿပီး ေစာင့္ဆိုင္းေနရင္း ညနက္ေသာေၾကာင့္ ထမင္းဝိုင္းေလး၏ေဘးတြင္ အိပ္ေပ်ာ္ေနခဲ့တာျဖစ္ပါတယ္။

Shoon (Cele Daily)

Unicode

လူတိုင်း၏နှလုံးသားကို ရိုက်ခတ်သွားစေခဲ့သည့် ညဆိုင်းအလုပ်ဆင်းကာ ညတစ်နာရီမှပြန်လာမည့် သားနှင့်ထမင်းအတူတူစားရန် စောင့်ဆိုင်းရင်း ထမင်းဝိုင်းဘေးလေးမှာ အိပ်ပျော်နေခဲ့သည့် မိခင်တစ်ဦး

မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာကို လူတိုင်းက သိရှိကြပြီး ကျေးဇူးတရားကို နာလည်သဘောပေါက်ကြရန် သားသမီးတိုင်း၏ စိတ်ထဲတွင် အသိတရားရှိနေသင့်ပါတယ်။သားသမီးတို့၏အသက်အရွယ် မည်မျှပင်ကြီးရင့်နေပါစေ မိဘတို့ဟာ နေရာတိုင်းတွင် စိတ်ပူနေဦးမည် ဖြစ်ပေသည်။

ယခုတွင်လည်း တရုတ်နိုင်ငံတွင် ညတစ်နာရီမှ သားဖြစ်သူက အလုပ်ပြန်လာမည်ကို သိရှိနေသော်လည်း မအိပ်နှင့်ဘဲ သားဖြစ်သူကို စောင့်နေခဲ့သော မိခင်ကို သားဖြစ်သူက မြင်တွေ့လိုက်ရပြီး စိတ်မကောင်းဖြစ်စေခဲ့ရသည်။

မိခင်ဟာ သားလေးအလုပ်ကပြန်လာလျှင် ပင်ပန်းနေမည်စိုးသောကြောင့် ထမင်းဝိုင်းလေးအသင့်ပြင်ထားပြီး စောင့်ဆိုင်းနေရင်း ညနက်သောကြောင့် ထမင်းဝိုင်းလေး၏ဘေးတွင် အိပ်ပျော်နေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment