



Shoon (Cele Daily)

Unicode

ဆေးရုံသို့အရေးပေါ်သွားဖို့လိုနေသည့်ဇနီးသည်အတွက် အရှိန်ဖြင့်မောင်းလာသော ကားရှေ့သို့ အပြေးသွားကာ လက်အုပ်ချီဒူးထောက်ပြီး အကူအညီတောင်းပေးခဲ့သည့် ခင်ပွန်း

ယခုအချိန်တွင် ခင်ပွန်းသည်အမျိုးသားတစ်ဦး၏ ဇနီးသည်အတွက် ကြိုးပမ်းပေးခဲ့သည့် ဗီဒီယိုလေးဟာ ဆိုရှယ်မီဒီယာထက်တွင် လူအများ၏ချီးကျူးပြောဆိုမှုတွေကို ခံနေရပါသည်။ခင်ပွန်းဖြစ်သူဟာ ကိုယ်ဝန်ဆောင်ဇနီးသည်နှင့်အတူ လမ်းလျှောက်သွားနေရင်းမှ ဇနီးသည်က မီးဖွားချင်သလိုဖြစ်ကာ ဗိုက်အရမ်စနာကျင်လာပြီး လမ်းမပေါ်သို့ လှဲချလိုက်ရပါတယ်။

ထိုအခါခင်ပွန်းသည်ဟာလည်း ဇနီးသည်ကို ဆေးရုံအမြန်ပို့နိုင်ရန်အတွက် ကားများကို တားဆီးပြီး အကူအညီတောင်းခဲ့သော်လည်း မရပ်ပေးခဲ့ကြပေ။

ထို့ကြောင့်အမျိုးသားဟာလည်း အရှိန်အနည်းငယ်ဖြင့်မောင်းလာသော ကားတစ်စီး၏ရှေ့သို့ ပြေးသွားကာ လက်အုပ်ချီဒူးထောက်ပြီး အကူအညီရအောင်တောင်းပေးခဲ့ပါတယ်။ထိုအချိန်မှ ကားတစ်စီးဟာလည်း ရပ်ပေးပြီး ဆေးရုံသို့အမြန်ပို့နိုင်ရန် ကူညီပေးခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment