



Shoon (Cele Daily)

Unicode

ယာဥ်မတော်တဆဖြစ်ကာ ဘဝ၏နောက်ဆုံးအချိန်သို့ရောက်ရှိနေသည့် ၁၇နှစ်အရွယ်ကောင်မလေး၏ ရထားစီးဖူးချင်သည်ဆိုသောဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည့် လေးစားဖွယ်ရထားဝန်ထမ်းများ

အသက်၁၇နှစ်အရွယ်သာ ရှိသေးသည့် Aziana Shaariဆိုသည့် ကလေးမငယ်၏အဖြစ်ဟာ အတော်လေးဝမ်းနည်းဖွယ်ရာ ကောင်းလွန်းလှပါတယ်။ကလေးမလေးဟာ မလေးရှား နိုင်ငံမှ ရထားလမ်းဘေးတွင်ရှိသော နေအိမ်တွင် နေထိုင်ကြပါတယ်။သူမဟာ နေ့စဥ်နေ့တိုင်းရထားများသွားလာနေသည်ကို ကြည့်ရှုပြီး ကြီးပြင်းလာခဲ့ရကာ ရထားစီးချင်နေခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဆယ်နှစ်အရွယ်တွင် ယာဥ်မတော်တဆမှုကြောင့် နံရိုးများပျက်စီးပြီး ဆေးရုံတွင်သာ ၇နှစ်ကြာနေခဲ့ရသည်။ယခုအချိန်တွင် အတွင်းပိုင်ကပျက်စီးသွားခဲ့ပြီဖြစ်သည့်အတွက် ကောင်မလေးဟာ နောက်ဆံးအနေဖြင့် ရထားလေးစီးချင်ကြောင်းဆိုခဲ့တာဖြစ်ပါတယ်။

ထိုအခါ နိုင်ငံတော်ရထားလိုင်းမှ အရာရှိများနှင့် ဝန်ထမ်းများဟာ ကလေးမလေး၏ ဆန္ဒကို လေးစားသည့်အနေဖြင့် ရထားစီးနှင်းနိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment