



Shoon (Cele Daily)

Unicode

ခင်ပွန်းသည်က ကားပေါ်သို့အခြားမိန်းကလေးတစ်ဦးကို တင်စီးခဲ့သည့်ဆိုသောကြောင့် အမျိုးသား၏ BMWကားသစ်ကြီးကို ရိုက်ခွဲဖျက်ဆီးခဲ့သည့် ဇနီးသည်

လက်ထပ်မင်္ဂလာပြုကာ ဘဝတစ်ခုကို ထူထောင်ပြီးသော ဇနီးမောင်နှံတို့ဟာ တစ်ဦးနှင့်တစ်ဦးနားလည်မှုယုံကြည်မှုတို့ဖြင့် ရှေ့ဆက်ရန် လိုအပ်လှပါတယ်။တစ်ဦးနှင့်တစ်ဦးပွင့်လင်းမြင်သာမှုမရှိလျှင် ခက်ခဲသော အိမ်ထောင်ရေးအခြေအနေများကို ကြုံတွေ့လာရနိုင်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ Guangdongပြည်နယ် Shenzhenတွင် အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူ၏ BMWကားကြီးကို ရိုက်ခွဲဖျက်ဆီးခဲ့ပါတယ်။အကြောင်းကတော့ အမျိုးသားဟာ အခြားအမျိုးသမီးတစ်ဦးကို ကားပေါ်တင်စီးခဲ့သည်ဆိုသောကြောင့်စကားများရန်ဖြစ်ခဲ့ကြခြင်းဟုသိရပါတယ်။

ထို့နောက်မှ ဇနီးသည်ဖြစ်သူဟာ မကျေမနပ်နိုင်ဖြစ်နေခဲ့ပြီး တူတစ်ချောင်းဖြင့် ခင်ပွန်းသည်၏ကားကို ရိုက်ခွဲခဲ့တာဖြစ်ပါတယ်။ကားပါကင်စောင့်သူများက အမျိုးသမီးကို ဖြောင်းဖြပေးသော်လည်း အဆင်မပြေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment