



Shoon (Cele Daily)

Unicode

သူများနိုင်ငံတွင် ဆိုင်သန့်ရှင်းရေးအလုပ်သမားဘဝမှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်လာအောင် အသင်ငယ်ငယ်ရွယ်ရွယ်ဖြင့် ကြိုးစားနိုင်ခဲ့သည့် အသက်၂၃နှစ်အရွယ်ကောင်လေး

ဖိလစ်ပိုင်နိုင်ငံမှ Andrew Dangcaဆိုသည့် ကောင်လေး၏ ဘဝတိုးတက်ရေးအတွက် စွန့်စားကြိုးပမ်းမှုတွေဟာ အတုယူဖွယ်ရာ ကောင်းလှပါတယ်။လူတစ်ဦးတစ်ယောက်ဟာ ကြိုးစားမှုမရှိဘဲ အောင်မြင်မည့်အချိန်ကိုထိုင်စောင့်နေ၍မရနိုင်ပေ။

ယခုလူငယ်လေးဟာလည်း အသက်၁၉နှစ်အရွယ်တွင် ဖိလစ်ပိုင်နိုင်ငံမှ သြစတေးလျနိုင်ငံသို့ သွားရောက်ပြီး ကြုံရာအလုပ်တွေကိုလုပ်ကိုင်ခဲ့ရပါတယ်။ကောင်လေးဟာ သြစတေးလျနိုင်ငံသို့ စရောက်ချိန်၌ စားသောက်ဆိုင်တစ်ခုတွင် စားပွဲထိုးကြမ်းတိုက် သန့်ရှင်းဘဝဖြင့် လုပ်ကိုင်နေခဲ့ရတာဖြစ်ပါတယ်။

ထို့နောက်တွင် မလျော့သောဇွဲတို့ဖြင့် ကြိုးစားဆောင်ရွက်ခဲ့သောအခါ ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။လူငယ်လေးဟာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးသော်လည်း ကိုယ်ပိုင်ဆိုင်တစ်ခုကို ဖွင့်လှစ်နိုင်သည့်အပြင် ဆိုင်ကိုတိုးတက်လာအောင် ကြိုးစားနိုင်ခြင်းဟာ လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။

Shoon (Cele Daily)

  • Leave a Comment