



Shoon (Cele Daily)

Unicode

အွန်လိုင်းမှတစ်ဆင့် ဆံပင်ညှပ်သင်ပေးသည့် ဗီဒီယိုကိုကြည့်ပြီး ကိုယ်တိုင်ညှပ်လိုက်ရာ ထိပ်ပြောင်းသွားသောကြောင့် ဝမ်းနည်းစွာငိုကြွေးနေခဲ့သည့် ၄နှစ်အရွယ်သမီးလေး

ယခုခေတ်အချိန်အခါတွင် လူကြီးမိဘများဟာ သူတို့၏သားသမီးလေတွေကို ထိန်းရလွယ်ကူစေရန်အတွက် ဖုန်းလေးတွေကို ပေးကိုင်ထားတတ်ပါတယ်။တရုတ်နိုင်ငံမှ မိခင်တစ်ဦးဟာလည်း ၄နှစ်အရွယ်သာရှိသေးသည့် သမီးဖြစ်သူကို ညိမ်ညိမ်နေစေရန်ဖုန်းပေးသုံထားခဲ့ပါတယ်။

ထိုအခါ သမီးလေးဟာလည်း လိုင်းပေါ်မှ ဗီဒီယိုတွေကို ကြည့်နေရင်းမှ ဆံပင်ညှပ်သင်ပေးသည့် ဗီဒီယိုကို တွေ့သွားခဲ့ပါတယ်။ထို့နောက် သေချာစွာလိုက်ကြည့်ပြီး ကလေးငယ်လေးဟာ သူ၏နေအိမ်တွင်ရှိသော စက်ကတ်ကြေးဖြင့် ဆံပင်တွေကို ရိတ်ပစ်ခဲ့ပါတယ်။

ထိပ်ကွက်ပြီး ဆံပင်တွေပြောင်သွားသောအခါမှ အော်ဟစ်ငိုယိုနေခဲ့ပြီး မိခင်ဖြစ်သူကလည်း စိတ်ပူစွာဖြင့် အပြေးလာကြည့်သောအခါမှ အကြောင်းစုံကို သိရှိခဲ့ရတော့တာလည်ဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment