သခင္ျဖစ္သူဟာ ေဆး႐ုံတက္ရင္းေသဆုံးသြားသည္ကို မသိရွိဘဲ ေဆး႐ုံတံခါးနားတြင္ ေလးလတိတိ ဘယ္မွမသြားဘဲ ေဆး႐ုံဆင္းလာမည့္သခင္ကို ေစာင့္ေနခဲ့သည့္ ေခြးကေလး

ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕ရွိ ေဆး႐ုံတစ္ခု၏ေရွ႕တြငိ အၿမဲတမ္းရွိေနခဲ့ေသာ ေခြးေလးတစ္ေကာင္ဟာ လူအမ်ားမွ သတိထားမိစရာျဖစ္လာခဲ့ပါတယ္။ထိုေခြးငယ္ေလးဟာ သခင္ေဆး႐ုံတက္ရာတြင္ လိုက္လာခဲ့ၿပီး ေဆး႐ုံအျပင္ဘက္မွတစ္ဆင့္ သခင္ျဖစ္သူကို ေစာင့္ေနခဲ့ပါတယ္။

သို႔ေသာ္လည္း ေခြးကေလး၏သခင္ဟာ ေဆး႐ုံ၌ပင္ေသဆုံးသြားခဲ့ေပသည္။ေခြးကေလးဟာ သူ၏သခင္ေသဆုံးသြားသည္ကို မသိရွိဘဲ ေဆး႐ုံတံခါးေရွ႕မွတစ္ဆင့္ ျပန္ထြက္လာမည့္ သခင္ျဖစ္သူကို ေစာင့္ေနခဲ့တာျဖစ္ပါတယ္။

ေခြးကေလးဟာ ေဆး႐ုံေရွ႕မွ လုံးဝမခြဲဘဲ ေစာင့္ေနခဲ့ေသာေၾကာင့္ အစာမစားရဘဲ အားျပတ္လာသည့္အခါ ေဆး႐ုံဝန္ထမ္းမ်ားက သနားဂ႐ုဏာျဖစ္မိၿပီး အစာအခ်ိဳ႕ကို ေကြၽးေမြးထားရတာျဖစ္ပါတယ္။အျခားသူမ်ားက ေမြးစားဖို႔ေခၚသြားခဲ့လွ်င္လည္း ေဆး႐ုံသို႔ ျပန္ေရာက္လာတတ္သည္ဟု သိရပါတယ္။

Shoon (Cele Daily)

Unicode

သခင်ဖြစ်သူဟာ ဆေးရုံတက်ရင်းသေဆုံးသွားသည်ကို မသိရှိဘဲ ဆေးရုံတံခါးနားတွင် လေးလတိတိ ဘယ်မှမသွားဘဲ ဆေးရုံဆင်းလာမည့်သခင်ကို စောင့်နေခဲ့သည့် ခွေးကလေး

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ ဆေးရုံတစ်ခု၏ရှေ့တွငိ အမြဲတမ်းရှိနေခဲ့သော ခွေးလေးတစ်ကောင်ဟာ လူအများမှ သတိထားမိစရာဖြစ်လာခဲ့ပါတယ်။ထိုခွေးငယ်လေးဟာ သခင်ဆေးရုံတက်ရာတွင် လိုက်လာခဲ့ပြီး ဆေးရုံအပြင်ဘက်မှတစ်ဆင့် သခင်ဖြစ်သူကို စောင့်နေခဲ့ပါတယ်။

သို့သော်လည်း ခွေးကလေး၏သခင်ဟာ ဆေးရုံ၌ပင်သေဆုံးသွားခဲ့ပေသည်။ခွေးကလေးဟာ သူ၏သခင်သေဆုံးသွားသည်ကို မသိရှိဘဲ ဆေးရုံတံခါးရှေ့မှတစ်ဆင့် ပြန်ထွက်လာမည့် သခင်ဖြစ်သူကို စောင့်နေခဲ့တာဖြစ်ပါတယ်။

ခွေးကလေးဟာ ဆေးရုံရှေ့မှ လုံးဝမခွဲဘဲ စောင့်နေခဲ့သောကြောင့် အစာမစားရဘဲ အားပြတ်လာသည့်အခါ ဆေးရုံဝန်ထမ်းများက သနားဂရုဏာဖြစ်မိပြီး အစာအချို့ကို ကျွေးမွေးထားရတာဖြစ်ပါတယ်။အခြားသူများက မွေးစားဖို့ခေါ်သွားခဲ့လျှင်လည်း ဆေးရုံသို့ ပြန်ရောက်လာတတ်သည်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment