



Shoon (Cele Daily)

Unicode

နေအိမ်၌မွေးထားသော ခွေးကလေးကို သွားတွေညီညီညာညာနှင့် လှပနေစေရန်အတွက် ဒေါ်လာ၅၀၀၀အထိ အကုန်အကျခံကာပြင်ဆင်ပေးခဲ့သည့် ပိုင်ရှင်

နည်းပညာတိုးတက်လာသည်နှင့် လူသားတို့ဟာ လှပမှုတို့ကို လိုချင်သလိုပြောင်းလဲပြီး ပြုလုပ်လာတိုင်ခဲ့ပြီဖြစ်ပါတယ်။မိမိတို့၏ လှပမှုမရှိဘူးဟုထင်နေသည့်နေရာလေးတွေကို ဆရာဝန်များနှင့်တိုင်ပင်ကာ လှပအောင် ဆောင်ရွက်ပေးနိုင်တာလည်းဖြစ်ပါတယ်။

သို့သော်လည်း Jimဟုအမည်ရသည့်အမျိုးသားတစ်ဦးဟာတော့ ကိုယ်တိုင်လှပစေရန်အတွက် ပြုပြင်ခြင်းမဟုတ်ဘဲ မွေးထားသော ခွေးကလေးကို လှပအောင်ပြုပြင်ခြင်းကြောင့် လူတိုင်းက အံ့သြနေရပါတယ်။ထိုအမျိုးသားဟာ သူ၏ခွေးကလေးကို သွားများညီညာစွာဖြင့် လှပနေစေရန် တိရိစ္ဆာန်ဆရာဝန်ထံသွားရောက်ပြီး ခွေးကလေး၏သွားတွေကို ထိန်းညှိပြင်ဆင်ရန် ပြုပြင်ပေးခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် ခွေးကလေးဟာ လူသားများကဲ့သို့ bracesကို ရက်သတ္တပတ်လောက်ကို တပ်ဆင်ထားရမည်ဟု ဆိုခဲ့ပါသေးတယ်။

Shoon (Cele Daily)

  • Leave a Comment