



Shoon (Cele Daily)

Unicode

ဘဝ၏အခက်အခဲတွေကြောင့် အရမ်းချစ်ရသည့်ခွေးကလေးကို အစာမကျွေးနိုင်တော့သဖြင့် သေချာစွာဂရုစိုက်ပေးမည့် ပိုင်ရှင်အသစ်ကို ရှာဖွေနေခဲ့သည့်အဖွားအို

နေ့စဥ်ဘဝတွင် ခက်ခဲကြမ်းတမ်းလှသောအခြေအနေကို လူတိုင်းကြုံတွေ့လာရနိုင်တာလည်းဖြစ်ပါတယ်။အချို့သည့်လည်း ခက်ခဲပင်ပန်းမှုတွေကို ကြံခိုင်သောစိတ်ဓာတ်ဖြင့် အကောင်းဆုံးကျော်ဖြတ်နိုင်လာခဲ့ကြသည်။

သို့သော်လည်း အသက်အရွယ်အိုမင်းနေပြီဖြစ်သော ၇၅နှစ်အရွယ်အဖွားအိုဟာ ကိုယ်တိုင်နေမကောင်းဖြစ်နေခဲ့သည့်အပြင် ဝင်ငွေအခက်အခဲလည်းရှိနေခဲ့ရသည်။ထို့ကြောင့်လည်း သူအရမ်းချစ်ရသည့် ခွေးကလေးကို ပြုစုစောင့်ရှောက်ရန် မဖြစ်နိုင်သောကြောင့် အခြားသူတစ်ဦးထံရောင်းချဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

အဖွားအိုဟာ ခွေးကလေးကိုရောင်းချပြီး ငွေကြေးအနည်းငယ်ရရှိစေရန်ထက် ခွေးကလေးအား အမှန်တကယ်ဂရုစိုက်စောင့်ရှောက်ပေးမည့် ပိုင်ရှင်အသစ်ထံကို ရောက်ရှိနေစေချင်ခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment