



Shoon (Cele Daily)

Unicode

ချစ်သူလေးကို အလုပ်လုပ်ပြီး ကျောင်းထားပေးခဲ့သော်လည်း ကောင်မလေးက တက္ကသိုလ်တွင် အခြားကောင်လေးတစ်ဦးနှင်ဖောက်ပြန်နေတာကို တွေ့လိုက်ရသောအခါ ဒေါသထွက်ပြီး ပေါက်ကွဲခဲ့သည့် အမျိုးသား

အချို့သော ချစ်သူစုံတွဲများသည် မိမိ၏ချစ်သူကို ဘဝတစ်ခုလုံးအတွက် သေချာပြီဟုယူဆကာ အတူလျှောက်လှမ်းရန်အတွက် အဆင်ပြေမည့် နည်းလမ်းများကို ရွေးချယ်တတ်ကြပါတယ်။ယခုတွင်လည်း စုံတွဲနှစ်ဦးဟာ သူ၏ဘဝကောင်းစားဖို့အတွက်ဟုဆိုကာ ကောင်မလေးကို ဘွဲ့ရသည်အထိကျောင်းတက်ရန် ရွေးချယ်ခဲ့ပါတယ်။

ကောင်မလေးကျောင်းတက်နေသည့်အချိန်တွင် လိုအပ်နေသည့် ငွေကြေးလေးတွေထောက်ပံ့ပေးရန် ကောင်လေးဟာ အလုပ်မျိုးစုံလုပ်ပြီး ကြိုးစားကာ ရှာဖွေနေခဲ့ပါတယ်။၅နှစ်ကျော်အောင် တွဲလာခဲ့သောကြောင့် ကောင်လေးဟာ ကောင်မလေးအပေါ်တွင် ယုံကြည်စွာဖြင့် ငွေကြေးတွေထောက်ပံ့ပေးခဲ့ပါတယ်။

သို့သော်လည်း တစ်နေ့တွင် ကောင်မလေးဟာ အခြားတစ်ယောက်နှင့်တွဲနေကြောင်း တွေ့လိုက်ရသောအခါ ဒေါသတွေကို မထိန်းနိုင်တော့ဘဲ ကောင်မလေးဆီသွားရောက်ပြီး မေးမြန်းနေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment