



Shoon (Cele Daily)

Unicode

တပည့်များအပေါ်တွင်ထားရှိသော စေတနာနှင့်ဂရုစိုက်မှုတို့ကြောင့် ဖခင်တို့ကသူတို့၏သားသမီးလေးတွေကိုသာ နှစ်စဥ်တိုင်းစာသင်ပေးရန် တောင်းဆိုခြင်းကို ခံနေရသည့် ဆရာမလေး

ဆရာဆရာမတိုင်သည် မိမိတို့၏ တပည့်လေးတွေကို စေတနာဝါသနာဂရုဏာဆိုသော နာ၃နာနှင့်အတူ သားသမီးလေးပမာ စောင့်ရှောက်ပြီး ပြုစုပျိုးထောင်ပေးနေခဲ့တာဖြစ်ပါတယ်။ယခုတွင်လည်း Luu Thi Phuong Thaoဆိုသည့် မူလတန်းပြဆရာမလေးဟာ သူ၏တပည့်တွေကို စာသင်ပေးပြီး ကလေးတို့၏စွမ်းဆောင်ရည်တိုးတက်စေရန်အတွက် အပတ်တိုင်း မိဘများနှင့်တွေ့ဆုံကာ တိုင်ပင်လေ့ရှိပါတယ်။

ဆရာမလေးဟာ တပည့်လေးတွေကို အနာဂတ်တွင် ထွန်းတောက်လာစေရန် စေတနာထားဆောင်ရွက်မှုတွေကြောင့် ကျောင်းသားတို့၏ မိဘတို့ဟာ နှစ်စဥ်နှစ်တိုင်း သူတို့၏သားသမီးလေးများကိုသာ စာသင်ပေးရန် တောင်းဆိုနေကြတာဖြစ်ပါတယ်။

ကျောင်းသားတို့ဟာ နှစ်ကုန်လျှင် အတန်းပြောင်းရသောအခါ ဆရာမဖြစ်သူကိုလည်း အတန်းပြောင်းပြီးသင်ပေးဖို့ မိဘများက အလိုရှိနေကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment