



Shoon (Cele Daily)

Unicode

ဇနီးသည်လိုချင်သည့်ပစ္စည်းလေးတွေကို ဝယ်ပေးချင်သည့်အတွက် လိုင်းပေါ်တွင်ရည်းစားတစ်ယောက်ထားခဲ့ပြီး ဒေါ်လာ၁၀၀၀ကျော်ကိုလိမ်လည်ခဲ့သည့် အမျိုးသား

လူသားအားလုံးဟာ မကောင်းမှုဟူသမျှကို ကင်းဝေးအောင်လုပ်ဆောင်နိုင်မှသာ ပျော်ရွင်ဖွယ်လောကကြီးကို လှပအောင်ဆေးခြယ်နိုင်မှာဖြစ်ပါတယ်။ယခုတွင်လည်း အသက်၃၂နှစ်အရွယ်ရှိ ဗီယက်နမ်မှ အမျိုးသားဟာ ဇနီးသည်လေးကို ပြည့်စုံစွာထားချင်သော စိတ်ကူးမှာ မှန်ကန်သော်လည်း လုပ်ဆောင်ပုံတွေဟာ လွဲမှားနေခဲ့ရပါတယ်။

အမျိုးသားဟာ လိုင်းပေါ်မှတစ်ဆင့် ကောင်မလေးနှင့်ရည်းစားအပျော်ထားပြီး ငွေကြေးတွေကို လိမ်လည်နေခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်ငွေဖြင့် သန်း၄၀၀ကျော်ကို လိမ်လည်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့လိမ်လည်ခြင်းကြောင့်လည်း အမျိုးသားဟာ အဖမ်းခံခဲ့ရပြီဖြစ်ပြီး ထောင်ကျခံရဖို့အတွက် ရှိနေခဲ့ပါတယ်။မည်သို့သော ရည်ရွယ်ချက်ပင်ရှိနေပါစေ မကောင်းမှုကို လုပ်ဆောင်နေခြင်းဟာ အလွန်ရွံ့ရှာဖွယ်ကောင်းသော လုပ်ရပ်လည်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment