ေရွးေဟာင္းနန္းေတာ္ႀကီးကဲ့သို႔လွပေသာ ေနအိမ္ဒီဇိုင္းပုံစံႏွင့္ အိပ္ရာပုံစံကိုလိုင္းေပၚတင္ခဲ့ရာမွ ဇနီးအျဖစ္လက္ထပ္ဖို႔ ေကာင္မေလးမ်ား၏ လာေရာက္ေျပာဆိုျခင္းကို ခံခဲ့ရသည့္ အသက္၃၆ႏွစ္အ႐ြယ္အမ်ိဳးသား

မၾကာေသးမီအခ်ိန္က ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕တြင္ေနထိုင္ေသာ အသက္၃၆ႏွစ္အ႐ြယ္အမ်ိဳးသားဟာ ဧရိယာ50mက်ယ္ဝန္းေသာ ေနအိမ္ႀကီးကို ကိုယ္တိုင္ဒီဇိုင္းေရးဆြဲၿပီး စိတ္ႀကိဳက္ျပဳျပင္ေျပာင္းလဲခဲ့ပါတယ္။

ထို႔ေနာက္ေရးဆြဲထားေသာဒီဇိုင္းအတိုင္း ျပဳျပင္ၿပီး ေရွးေဟာင္းတန္ဖိုးႀကီးေသာ ပရိေဘာဂအသုံးအေဆာင္မ်ားႏွင့္အတူ ေရွးေဟာင္းနန္းေတာ္ငယ္ေလးတစ္ခုပမာ ဖန္တီးတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

ထို႔ေနာက္ သူ႔အတြက္ျပင္ဆင္ထားသည့္ အိပ္ရာပုံစံကိုလည္း လိုင္းေပၚတြင္ ေဖာ္ျပလာခဲ့ပါတယ္။ခမ္းနားလွေသာေနအိမ္ေၾကာင့္ လူအမ်ားစုတို႔ဟာ အိမ္ပိုင္ရွင္ကို စုံစမ္းၾကၿပီး ေနအိမ္ပိုင္ရွင္ဟာ အသက္၃၆ႏွစ္အ႐ြယ္Xuan Haoျဖစ္ၿပီး လူပ်ိဳႀကီးျဖစ္ေနမွန္းသိေသာအခါ အမ်ိဳးသမီးမ်ားက လက္ထပ္ရန္ ေတာင္းဆိုလာၾကပါတယ္။

Shoon (Cele Daily)

Unicode

ရှေးဟောင်းနန်းတော်ကြီးကဲ့သို့လှပသော နေအိမ်ဒီဇိုင်းပုံစံနှင့် အိပ်ရာပုံစံကိုလိုင်းပေါ်တင်ခဲ့ရာမှ ဇနီးအဖြစ်လက်ထပ်ဖို့ ကောင်မလေးများ၏ လာရောက်ပြောဆိုခြင်းကို ခံခဲ့ရသည့် အသက်၃၆နှစ်အရွယ်အမျိုးသား

မကြာသေးမီအချိန်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်နေထိုင်သော အသက်၃၆နှစ်အရွယ်အမျိုးသားဟာ ဧရိယာ50mကျယ်ဝန်းသော နေအိမ်ကြီးကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီး စိတ်ကြိုက်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

ထို့နောက်ရေးဆွဲထားသောဒီဇိုင်းအတိုင်း ပြုပြင်ပြီး ရှေးဟောင်းတန်ဖိုးကြီးသော ပရိဘောဂအသုံးအဆောင်များနှင့်အတူ ရှေးဟောင်းနန်းတော်ငယ်လေးတစ်ခုပမာ ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ထို့နောက် သူ့အတွက်ပြင်ဆင်ထားသည့် အိပ်ရာပုံစံကိုလည်း လိုင်းပေါ်တွင် ဖော်ပြလာခဲ့ပါတယ်။ခမ်းနားလှသောနေအိမ်ကြောင့် လူအများစုတို့ဟာ အိမ်ပိုင်ရှင်ကို စုံစမ်းကြပြီး နေအိမ်ပိုင်ရှင်ဟာ အသက်၃၆နှစ်အရွယ်Xuan Haoဖြစ်ပြီး လူပျိုကြီးဖြစ်နေမှန်းသိသောအခါ အမျိုးသမီးများက လက်ထပ်ရန် တောင်းဆိုလာကြပါတယ်။

 

Shoon (Cele Daily)

  • Leave a Comment