



Shoon (Cela Daily)

Unicode

KTVတွင် ကောင်မလေးခေါ်ပြီး ပျော်ပါးနေစဥ် မိခင်က တံမြက်စည်းကိုင်ပြီး လိုက်လာလို့ ကောင်မလေးအား ပေးထားသည့် မုန့်ဖို့ငွေကို ပြန်တောင်းခဲ့သည့်ကောင်လေး

ဒီအဖြစ်အပျက်လေးကတော့ တစ်ခါတစ်လေတွင် KTVသို့သွားရောက်ပြီး အပန်းဖြေတတ်သည့် ယောကျာ်းလေးများအတွက် အိမ်မပိုင်လျှင် မည်သို့ဒုက္ခရောက်မည်ကို သိရှိစေရမှာဖြစ်ပါတယ်။လူငယ်လေးတစ်ဦးဟာ သူငယ်ချင်းနှင့်သွားလည်မည်ဟုအကြောင်းပြပြီး KTVတွင် သီချင်းဆိုရင်း ကဲနိုင်ရန်အတွက် ကောင်မလေးတစ်ဦးနှင့် ပျော်နေခဲ့တာဖြစ်ပါတယ်။

ထိုအချိန်တွင် ကောင်လေး၏မိခင်က တံမြက်စည်းကိုင်ပြီး ဆိုင်သို့ရောက်ရှိလာခဲ့သည့်အတွက် ကောင်လေးလည်း မည်သို့လုပ်ရမည်မသိဖြစ်နေခဲ့ပါတယ်။ ထို့နောက်တွင် ကောင်လေးဟာ မိခင်၏ရှေ့၌ပင် ကောင်မလေးကို မုန့်ဖိုးပေးထားသည့် ပိုက်ဆံလေးတွေကို ပြန်ပေးဖို့ တောင်းဆိုနေခဲ့ပါတယ်။

ထိုအဖြစ်အပျက်လေးကို လူအများက သိရှိသွားသောအခါ ကောင်လေး၏ကံဆိုးမှုကို သဘောကျပြီး ရယ်မောနေရပါတယ်။

Shoon (Cela Daily)

  • Leave a Comment