



Shoon (Cele Daily)

Unicode

အကိုဖြစ်သူ အလှပြင်ပေးထားသည့် မိတ်ကပ်လိမ်းထားပုံတွေကို လိုင်းပေါ်တွင်ဖော်ပြခဲ့ရာမှ ချစ်စဖွယ် မိန်းကလေးအဖြစ်နာမည်ကြီးနေလို့ ဝမ်းနည်းနေရသည့် လူငယ်လေး

ပထမဦးစွာအနေဖြင့် ကလေးလူငယ်တို့ကို အသက်အရွယ်ကြောင့် အထင်သေးနေမည်ဆိုပါက အမှားကြီးမှားသွားမှာသေချာပါတယ်။ကလေးငယ်တို့သည်ကား အနာဂတ်ကိုဦးဆောင်နိုင်ရန်အတွက် နှလုံးရည်ပြည့်စုံသော ကြယ်ပွင့်လေးများဖြစ်ကြပါတယ်။

ယခုတွင်လည်း အသက်၉နှစ်အရွယ်နှင့် အသက်၁၁နှစ်အရွယ် ညီအကိုနှစ်ဦးဟာ လိုင်းပေါ်တွင် လူကြိုက်များ နာမည်ကြီးလာခဲ့ပါတယ်။အကြောင်းကတော့ အသက်၁၁နှစ်အရွယ်အကိုဖြစ်သူဟာ ညီဖြစ်သူအား မိတ်ကပ်အလှပြင်ပေးပြီး အလှပြင်ထားသည့်ပုံတွေကို လိုင်းပေါ်တင်ခဲ့သောကြောင့်ဖြစ်ပါတယ်။

ထို့ကြောင့် အရွယ်နှင့်မလိုက်အောင် ဖန်တီးနိုင်သော လက်ရာများကြောင့် ကောင်လေးဟာနာမည်ကြီးလာခဲ့ခြင်းဖြစ်ပါတယ်။သို့သော် ညီဖြစ်သူကတော့ အကိုပြင်ပေးလိုက်သည့် မိန်းကလေးပုံစံကြောင့် ချစ်စဖွယ်ကောင်းအောင် နာမည်ကြီးလာခြင်းဖြစ်ပြီး ညီဖြစ်ဝူကိုယ်တိုင်ကတော့ မိန်းကလေးဟုအထင်ခံရသည့်အတွက် ဝမ်းနည်းနေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment