



Shoon (Cele Daily)

Unicode

အရွယ်နှင့်မလိုက်အောင်ချောမောပြီး ချစ်စရာကောင်းနေခဲ့သောကြောင့် ကျောင်းတွင်မော်ဒယ်ပြိုင်ပွဲတွင်နာမည်ကြီးလာခဲ့ပြီး သရုပ်ဆောင်လုပ်ရန် ကမ်းလှမ်းခံခဲ့ရသည့် အသက်၁၃နှစ်အရွယ်ကျောင်းသူလေး

လူတိုင်းသည် အလွန်ချောမောလှပသော အလှအပကိုယ်စီကို ပိုင်ဆိုင်ထားကြပြီး လူအချို့သည် မြင်တွေ့သူတိုင်းကို သဘောကျသွားစေမည့် စွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားကြပါတယ်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ Le Huynh Boa Ngocဆိုသည့် အသက်၁၃နှစ်အရွယ် ၈တန်းကျောင်းသူလေးဟာလည်း မြင်တွေ့သူများကို သဘောကျသွားစေနိုင်သည့် အလှမျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ထို့ကြောင့်လည်း ကျောင်းသူလေးဟာ ကျောင်း၌ကျင်းပသည့် အလှမယ်ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ရာမှ လူတိုင်းကသတိထားမိလာခဲ့ပြီး နာမည်ကျော်လာခဲ့ပါတယ်။ကျောင်းသူမလေး၏ အပြစ်ကင်းလှသော ချစ်စဖွယ် မျက်နှာလေးကြောင့် ရုပ်ရှင်များတွင် ကလေးသရုပ်ဆောင်အနေဖြင့် ပါဝင်ရိုက်ကူးနိုင်ရန် ကမ်းလှမ်းနေခဲ့ကြတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment