



Shoon (Cele Daily)

Unicode

ချစ်သူနှင့်၇နှစ်ကြာအတူနေပြီး တားဆေးများကိုနေ့စဥ်သောက်ခဲ့ရာ ကျန်းမာရေးထိခိုက်ပြီးဆေးရုံတက်ရသောအခါ ကလေးမရနိုင်တော့ကြောင်းသိရလိုက်ရသဖြင့် ချစ်သူ၏စွန့်ပစ်ခြင်းကိုခံရသော မိန်းကလေး

ယနေ့ခေတ်ကြီးထဲတွင် လူငယ်အချို့၏ ဖြစ်ပျက်နေပုံများအကြောင်းကို လူအများစုတို့လည်း သတိထားမိကြမည်ဟု ထင်မိပါတယ်။ယခုတွင်တေည့ ဗီယက်နမ်နိုင်ငံမှ ကောင်မလေးတစ်ဦးဟာ သူမ မစဥ်းစားမိခဲ့သည့် မိုက်မဲသောအဖြစ်ကြောင့် နေ့စဥ်ငိုကြွေးရင်းနောင်တရနေခဲ့ရပါတယ်။

ကောင်မလေးဟာ သူ၏ချစ်သူနှင့်အတူ ၇နှစ်ကြာသည်အထိအတူတူနေခဲ့တာဖြစ်ပါတယ်။အတူနေထိုင်သောအချိန်၌ လက်မထပ်ရသေးသဖြင့် ကလေးမရစေရန် တားဆေးများကို နေ့စဥ်သောက်သုံးခဲ့တာလည်းဖြစ်ပါတယ်။

၇နှစ်ကြာအောင် သောက်ခဲ့မိသည့်ဆေး၏ဒဏ်များကြောင့် ကျန်းမာရေးထိခိုက်ကာ ဆေးရုံသို့အရေးပေါ်ကုသမှုခံယူခဲ့ရပါတယ်။ထိုအချိန်တွင် ကောင်မလေးဟာ ကလေးမရနိုင်တော့ကြောင်း ဆရာဝန်ထံမှ သိရှိလိုက်ရသောအခါ ကောင်မလေး၏ချစ်သူဟာ ကောင်မလေးကို တစ်ယောက်တည်းထားခဲ့ပြီး စွန့်ပစ်ခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment