



Shoon (Cele Daily)

Unicode

သားဖြစ်သူဟာ သူနှင့်လုံးဝမတူဘူးဟု သူငယ်ချင်းများက စနေခဲ့သောကြောင့် DNAစစ်ကြည့်လိုက်ရာမှ ဇနီးသည်ဟာ သူများနှင့်ဖောက်ပြန်ပြီး ရရှိထားသောကလေးမှန်းသိခဲ့ရ

တရုတ်နိုင်ငံ Shaanxiပြည်နယ် Cangleမြို့တွင်နေထိုင်သော အသက်၃၁နှစ်အရွယ် Xiao Gaoဆိုသည့် အမျိုးသား၏အိမ်ထောင်ရေးအဖြစ်ဟာ အတော်လေးဝမ်းနည်းဖွယ်ကောင်းလှပါတယ်။အမျိုးသားဟာ ဇနီးသည်လေးနှင့်အတူ သားတစ်ယောက်ရှိခဲ့ပြီး ပျော်ရွင်စွာဖြင့် မိသားစုကမ္ဘာလေးကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

သို့သော်လည်း အမျိုးသားကို သူငယ်ချင်းများက သားနှင့်ရုပ်ချင်းမတူသည့်အတွက် သားအရင်းမဟုတ်ဘူးလို့ စနောက်ခြင်းကို ခံနေခဲ့ရပါတယ်။ထို့ကြောင့် DNAစစ်ဆေးကြည့်လိုက်ရာတွင် အမှန်တကယ် သူ၏သားမဟုတ်ကြောင်းသိခဲ့ရပါတယ်။

ထိုအခါမှ ဇနီးသည်ဖြစ်သူဟာ ခရီးတစ်ခုထွက်စဥ်က လမ်းတွင်တွေ့ခဲ့သော အမျိုးသားတစ်ဦးနှင့်ဆုံခဲ့ပြီး ကိုယ်ဝန်ရရှိခဲ့ကြောင်းနှင့် ကလေး၏ဖခင်အရင်းဟာ မည့်သည့်ဒေသတွင်နေထိုင်မှန်းပင် မသိရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment