



Shoon (Cele Daily)

သမီး၏မွေးနေ့အတွက် မွေးနေ့ကိတ်ကို လိုင်းပေါ်မှမှာယူခဲ့သော်လည်း ရောင်းသူက မွေးနေ့ကိတ်ပုံနှင့် လိုင်းပေါ်တွင်သာ ဆုတောင်းပေးခဲ့လို့ ကြေကွဲနေရသည့် မိခင်တစ်ဦး

တစ်ခါတစ်လေတွင် နားလည်မှုလွဲသွားသည့် အရာတစ်ခုဟာ အတော်လေးကြေကွဲသွားရနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေချိန်တွင် နားလည်မှုအလွဲဟာ ငွေကြေးများစွာကို ဆုံးရှုံးသွားစေနိုင်တာဖြစ်ပါတယ်။ယခုတွင်လည်း မိခင်တစ်ဦးဟာ သမီး၏ ၁၈နှစ်ပြည့် မွေးနေ့လေးအတွက် မွေးနေ့ကိတ်လေးကို လိုင်းပေါ်မှဝယ်ယူခဲ့တာဖြစ်ပါတယ်။

ထို့နောက် မွေးနေ့ဟာ နေအိမ်သို့ရောက်မလာခဲ့သဖြင့် ပြန်လည်မေးမြန်းကြည့်ရာမှာတော့ လိုင်းပေါ်တွင် ပုံတင်ကာ ဆုတောင်းပေးထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားလာခဲ့ပါတယ်။
ထိုအခါမှ လိုင်းပေါ်မှ ကိတ်မုန့်ရောင်းခြင်းမဟုတ်ဘဲ ဓာတ်ပုံလေးတွေကို ရောင်းချပြီး မွေးနေ့ဆုတောင်းပေးခြင်းသာ ဖြစ်ကြောင်းသိခဲ့ရပါတော့တယ်။

မိခင်ဖြစ်သူဟာ သမီးလေးကို မွေးနေ့ကိတ်လေးဖြင့် ပျော်ရွင်စေချင်ခဲ့သော်လည်း ပိုက်ဆံသာကုန်ခဲ့ရပြီး ကြေကွဲနေရပါတယ်။

Shoon (Cele Daily)

  • Leave a Comment