



Shoon (Cele Daily)

Unicode

ကလေးဘဝ ပျော်ရွင်စွာဆော့ကစားရမည့် အချိန်လေးတွေကို စွန့်လွှတ်ပြီး ဒုက္ခိတဖခင်ကို ပြုစုစောင့်ရှောက်နေရသည့် အသက်၁၁နှစ်အရွယ်သမီးလေး

သာမန်အားဖြင့် ကလေးငယ်တို့ဟာ ပျော်ရွင်စွာဖြင့် ဆော့ကစားရင်ဖြင့် ဘဝအတွက် လိုအပ်သည့် ပညာမျိုးစုံတို့ကို သင်ကြားနေရမှာဖြစ်ပါတယ်။သို့မှသာ ညဏ်ရည်ထက်မြက်ပြီး ထူးချွန်သော အနာဂတ်၏ သားကောင်းရတနာလေးတွေဖြစ်လာမှာပါတယ်။

ယခုတွင် အသက်၁၁နှစ်အရွယ်သာရှိသေးသည့် Marie Rogaဆိုသည့် သမီးလေးဟာ ကလေးဘဝ၏ အရသာတို့ကို စွန့်လွှတ်ပြီး အရွယ်ရောက်နေသည့် လူကြီးတစ်ဦးလို ဘဝကိုဖြစ်သန်းနေရပါတယ်။ကောင်မလေး၏ ဖခင်ဖြစ်သူဟာ ထူးဆန်းသော ရောဂါတစ်မျိုးကြောင့် ဒုက္ခိတဘဝဖြင့် အိပ်ရာထဲတွင် လဲနေရပါတယ်။ထို့ကြောင့်ဖခင်အတွက် လိုအပ်သည့် ဂရုစိုက်စောင့်ရှောက်မှုတွေကို အနီးကပ် ပြုစုပေးနေရပြီး ဘဝအတွက်လိုအပ်သည့် စာသင်ခြင်းကိုလည်း ကြိုးစားသင်ယူနေရပါတယ်။

သမီးလေး၏ စားဝတ်နေရေးအတွက် လူအများ၏ လှူဒါန်းမှုတို့ဖြင့်သာ ရပ်တည်နေခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment