



Shoon (Cele Daily)

ကျောက်ကပ်အစားထိုးကုသဖို့ လိုအပ်နေသည့်အမျိုးသားကို ကျောက်ကပ်သွားရောက်လှူဒါန်းရင်းဖြင့် လူနာကို မြင်မြင်ချင်း ချစ်မိသွားသည့်ကောင်မလေး

ရည်းစားမရှိသူများအနေဖြင့်လည်း စိတ်ပျက်အားငယ်နေစရာတော့ မလိုပါဘူး။အကြောင်းကတော့ မိမိနှင့်တကယ်ထိုက်တန်သည့် အချစ်စစ်တစ်ခုဟာ တစ်ချိန်ချိန်တွင် နည်းလမ်းတစ်မျိုးဖြင့် ရောက်ရှိလာမှာ သေချာပါတယ်။ယခုတွင်လည်း အသက်၂၅နှစ်အရွယ်ကောင်မလေးဟာ လိုင်းပေါ်တွင် ကျောက်ကပ်အလှူခံနေသော အမျိုးသားကို တွေ့ရှိခဲ့ရပါတယ်။

ထို့ကြောင့် ကောင်မလေးဟာ အသက်၂၅နှစ်ပြည့်မွေးနေ့အနေဖြင့် လှူဒါန်းရန် ဆက်သွယ်ပြီး သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ကံကောင်းစွာဖြင့် အမျိုးသားနှင့် အမျိုးသမီးတို့နှစ်ဦးဟာ လိုအပ်သည့် အချက်လက်အားလုံးဟာ ကိုက်ညီနေခဲ့တာလည်းဖြစ်ပါတယ်။

ထိုအခါမှ လူနာအမျိုးသားကို မြင်မြင်ချင်းချစ်မိသွားခဲ့တာဖြစ်ပါတယ်။ကောင်မလေးဟာ မွေးနေ့မှာ ကုသိုလ်ရချင်လို့ ကျောက်ကပ်လှူဒါန်းခဲ့ရာမှ ချစ်သူကောင်လေးပါ ရရှိသွားခဲ့တော့တာလည်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment