



Shoon (Cele Daily)

Unicode

နိုင်ငံခြားတွင်ပညာသင်ကာ ဘွဲ့ရလာသည်နှင့် ဘဝအကြောင်းကို သိရှိစေရန်ဟုဆိုကာ ဘီလျံနာသူဋ္ဌေးဖြစ်သူဖခင်ကိုယ်တိုင်က အိမ်ပေါ်က မောင်းချခဲ့လို့ အိမ်အစုတ်တစ်လုံးတွင် နေထိုင်ခဲ့ရသည့်ကောင်လေး

လောကတွင် အသက်ရှင်နေထိုင်ရန်အတွက် ငွေကြေးသည်မရှိမဖြစ်လိုအပ်နေသော အရာတစ်ခုလည်းဖြစ်ပါတယ်။ငွေကြေးများစွာချမ်းသာသူများအတွက်တော့ ဘဝ၏ ပင်ပန်းဆင်းရဲမှုအကြောင်းကို သေချာနားလည်လိမ့်မည့်မဟုတ်ပေ။

ယခုတွင်လည်း နိုင်ငံပေါင်း၇၁နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသော အိန္ဒီယနိုင်ငံမှ စိန်ဘီလီယံနာသူဋ္ဌေးကြီး Davji Dholakiaဆိုသူသည် သားဖြစ်သူကို အမေရိကန်နိုင်ငံသို့ စီးပွားရေးစီမံခန့်ခွဲမှုပညာများကို လေ့လာရန် ပညာတော်သင်စေလွှတ်စေခဲ့ပါတယ်။

ထို့နောက် ဘွဲ့ရပြီးပြန်လာသောအခါ ဘဝ၏ပင်ပန်းဆင်းရဲမှုအကြောင်းတွေကို သိရှိစေရန်ဟုဆိုကာ ဖခင်ကိုယ်တိုင်က ရူပီ၅၀၀သာပေးပြီး အိမ်ပေါ်မှဆင်းခိုင်းခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် လူငယ်လေးဟာ ဟောင်းနွမ်းပျက်စီးနေသော အိမ်တစ်ခုတွင် ကပ်နေရပြီး ဘဝအကြောင်းကို လေ့လာနေရပါတယ်။

Shoon (Cele Daily)

  • Leave a Comment