အသားအရေကြောင့် ကလေးဘဝက စာသင်ခန်းထဲတွင် အမြဲအနှိမ်ခံရပြီး ငိုကြွေးနေခဲ့ရသောဘဝမှ လူတိုင်းအားကျလေးစားရသည့် မော်ဒယ်တစ်ဦးဖြစ်လာပြီး ဂင်းနစ်မှတ်တမ်းတစ်ခုပါ စိုက်ထူနိုင်ခဲ့သည့် ကောင်မလေး

ကလေးဘဝတွင် အခြားသူများနှင့်မတူဘဲ ထူးခြားမှုအနည်းငယ်ရှိနေပါက သူငယ်ချင်းများ၏ စနောက်လှောင်ပြောင်ခြင်းကို ခံကြရသည်မှာ နေရာတိုင်းတွင် ဖြစ်ပျက်နေခဲ့ပါတယ်။ယခုတွင်လည်း အာဖရိကမှ ကောင်မလေးတစ်ဦးဟာ ငယ်စဉ်အခါက စာသင်ခန်းထဲတွင် လှောင်ပြောင်ခံနေရသောကြောင့် အိပ်ရာထဲတွင် အမြဲငိုကြွေးနေခဲ့ရပါတယ်။

သို့သော်လည်း မိဘတို့၏ အားပေးစကားများကြောင့် စိတ်ဓာတ်မြင့်မာလားခဲ့ပြီး အောင်မြင်သော မော်ဒယ်ဘဝသို့ ရောက်ရှိလာခဲ့ပါတယ်။သူမဟာ အသက်၂၇နှစ်အရွယ်ရှိပြီဖြစ်ပြီး Nyakim Gatwech ဟု အမည်ရပြီး မော်ဒယ်လောကတွင် Dark Queenဟု အမည်တွင် ကျော်ကြားနေခဲ့တာဖြစ်ပါတယ်။

သူမဟာ ဆူဒန်နိုင်ငံတွင်နေထိုင်လျက်ရှိပြီး ကမ္ဘာ အနက်ဆုံးသော အသားအရည်ပိုင်ရှင်အဖြစ်လည်း ဂင်းနစ်မှတ်တမ်းဝင်လာခဲ့သူဖြစ်ပါတယ်။

Shoon (Cele Daily)

Unicode

  • Leave a Comment