



Shoon (Cele Daily)

Unicode

အလုပ်ဆင်းပြီဖြစ်သည့် ဇနီးသည်ကို အပြေးသွားကြိုပြီး ခြေထောက်လေးတွေ မိုးစိုကုန်မှာ စိုးရိမ်လို့ ကားထဲအထိကို ပွေ့ချီကာ ခေါ်ဆောင်ပေးခဲ့သော အလွန်ချစ်တတ်သည့် အမျိုးသား

အချစ်ဆိုသောအရာကို အချို့က ထုတ်ပြပြီးချစ်တတ်သကဲ့သို့ အချို့ဟာလည်း ရင်ထဲတွင်သာ သိမ်းဆည်းပြီးချစ်တတ်ကြပါတယ်။မိမိ၏ချစ်သူကို အချစ်ပိုကာ အလွန်အကျွံဂရုစိုက်နေလျှင် လူအများ၏ မနာလိုကဲ့ရဲ့ခြင်းကို ခံရနိုင်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦး၏ အကဲပိုကာ ဇနီးသည်လေးကို ချစ်လိုက်ပုံကတော့ မြင်တွေ့သူတွေကို အားကျစေပြီး မနာလိုဖြစ်စေခဲ့ပါတယ်။အမျိုးသားဟာ ဇနီးသည်က ရုံးဆင်းပြီးအိမ်ပြန်ချိန်ရောက်သည်နှင့် ကားမောင်းပြီး အပြေးကြိုခဲ့တာဖြစ်ပါတယ်။

ထိုအချိန်တွင် မိုးရွာထားသည့်အတွက် ကားလမ်းမပေါ်တွင် ရေများရှိနေခဲ့ပါတယ်။ထို့ကြောင့် ဇနီးသည်လေးဟာ ကားထဲဝင်ရောက်ချိန်တွင် ခြေထောက်တွေမိုးစိုကုန်မှာ စိုးရိမ်လို့ အမျိုးသားဟာ ဇနီးသည်လေးကို အပြေးပွေ့ချီပြီး ကားထဲအထိ ထည့်ပေးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment