



Shoon (Cele Daily)

Unicode

ခုံပေါ်တင်ထားသည့် စာရွက်စာတမ်းများကို စုတ်ပြဲအောင်ဆော့ခဲ့ပြီး သခင်ဖြစ်သူက ရိုက်မယ်လုပ်မှ ပြောင်းသွားသည့် ခွေးကလေး၏ သနားစရာမျက်နှာအမူအရာလေး

စာဖတ်သူတို့အနေဖြင့်ရော အပြစ်တစ်ခုခုလုပ်ထားခဲ့ပြီး လူကြီးသူမများ၏ ဆူပူခြင်းကိုာခံရပြီဆိုလျှင် မျက်နှာငယ်လေးဖြင့် သနားချင်စရာကောင်းအောင် ဖြစ်သွားတတ်ကြပေသည်။ယခုတွင်လည်း ခွေးကလေးတစ်ကောင်ဟာ လူသားများကဲ့သို့ပင် အပြစ်လုပ်ပြီးသောအခါ သနားစရာမျက်နှာလေးအဖြစ်ပြောင်းပြီး လုပ်တတ်သည့် အမူအရာလေးကြောင့် မြင်တွေ့သူလူတိုင်းဟာ သဘောကျနေခဲ့ပါတယ်။

သခင်ဖြစ်သူဟာ လုပ်ငန်းစာရွက်စာတမ်းများကို ခုံပေါ်တွင်တင်ထားခဲ့စဥ် ခွေးကလေးက ဆော့ကစားပစ်ခဲ့ပြီး စုတ်ပြဲကုန်တာဖြစ်တာပါတယ်။ထို့ကြောင့် သခင်ဖြစ်သူဟာ စိတ်တိုသွားခဲ့ပြီး ခွေးကလေးကိုကြိမ်းမောင်းကာ ရိုက်ဖို့ပြင်ခဲ့ပါတယ်။

ထိုအခါ ခွေးငယ်ကလေးဟာ မျက်နှာငယ်လေးဖြင့် သနားစဖွယ်ကောင်းအောင် ဖြစ်နေသည့်ပုံစံလေးကြောင့် သခင်ဟာလည်း မရိုက်ရက်ဖြစ်သွားခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment