



Shoon (Cele Daily)

Unicode

ကျောင်းတွင် အသင်းတာဝန်ကျပြီး အမှိုက်ပုံးနှင့် တံမြက်စည်းသိမ်းရသောအခါ အိမ်သို့ယူပြန်လာသည့် ကျောင်းသူလေး၏ပုံစံကြောင့် လူအများက သဘောကျနေခဲ့ရ

လူသားတိုင်းအတွက် ဘဝတွင် အမှတ်တရတွေများစွာကျန်ရှိနေခဲ့ပြီး အမြဲတမ်းလွမ်းဆွတ်ကာ တမ်းတသတိရနေရသည်မှာ ကလေးအရွယ်ကျောင်းသားကျောင်းသူဘဝပင်ဖြစ်ပေသည်။ကျောင်းသားဘဝတွင် အသင်းအလိုက်တာဝန်များကို ခွဲထားပေကြပြီး အသင်းနှင့်နေ့အလိုက် ကျောင်းစာသင်ခန်း၏ သန့်ရှင်းရေးနှင့် လိုအပ်သည်များကို လုပ်ကိုင်ရတာဖြစ်ပါတယ်။

အသင်းတာဝန်ကျပြီဆိုလျှင် အသင်းထဲပါဝင်သူများဟာ တာဝန်ကိုယ်စီဖြင့် အမှိုက်လှည်းခြင်း သောက်ရေခပ်ခြင်း ပန်းအိုးရေလှဲခြင်းများကို လုပ်ဆောင်ရပါတယ်။ယခုတွင်လည်း ကျောင်းသူကလေးငယ်လေးဟာ သူ၏အသင်းတာဝန်ကျသောနေတွင် အမှိုက်ပုံးကို တံမြက်စည်းသိမ်းဆည်းရသောကြောင့် နေအိမ်သို့ ယူပြန်လာခဲ့ရပါတယ်။

အိမ်သို့ယူပြန်လာစဥ် လမ်းတွင် ကလေးဟာ အမှိုက်ပုံးကို ခေါင်းတွင်ဆောင်းထားပြီး ပြန်လာခဲ့နာဖြစ်ပါတယ်။ထို့အခါ မြင်တွေ့သူလူတစ်ဦးက ပုံရိုက်ပြီး လိုင်းပေါ်တင်ခဲ့ရာမှ လူအများက သဘောကျနေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment