Shoon (Cele Daily)
ပစ္စည်းလာပို့သည့်ကောင်လေးက ပစ္စည်းရရှိကြောင်း စာရွက်လေးကို ဓာတ်ပုံရိုက်ချင်သည်ဟုပြောတာကို ပစ္စည်းလက်ခံသည့်ကောင်မလေးက သူမကို ဓာတ်ပုံရိုက်ချင်သည်ထင်ပြီး လက်နှစ်ချောင်းထောင်နေခဲ့သည့်အဖြစ်
အခုခေတ်တွင် အွန်လိုင်းမှတစ်ဆင့် စျေးဝယ်ရတာကို အလွန်အဆင်ပြေသောကြောင့် လူအများက သဘောကျလာခဲ့ပါတယ်။အွန်လိုင်းစနစ်ဖြစ်သဖြင့် ပစ္စည်းများကို မဆုံးရှုံးစေရန် ဝယ်ယူသူထံသေချာစွာရောက်ရှိကြောင်း စာရွက်များနှင့်အတူ ပစ္စည်းပို့သူများက ပြန်လည်တင်ပြရပါတယ်။
ယခုတွင်လည်း ပစ္စည်းပို့သည့်ကောင်လေးဟာ ကောင်မလေးတစ်ဦး၏နေအိမ်သို့သွားရောက်ကာ လိုင်းပေါ်မှ မှာထားသော ပစ္စည်းကို ပို့ပေးခဲ့တယဖြစ်ပါတယ်။ထို့နောက်မှ လက်ခံရရှိကြောင်း ပြေစာလေးကို ဓာတ်ပုံရိုက်ပြီး သူဋ္ဌေးကို ပို့ပြီးကြောင်းပြရမည်ဖြစ်သဖြင့် ကောင်မလေးထံ ပစ္စည်းပြေစာကို ဓာတ်ပုံရိုက်ရန် တောင်းခံခဲ့ပါတယ်။
ထိုအခါ ကောင်မလေးက သူမကို ဓာတ်ပုံရိုက်ချင်သည်ထင်ပြီး လက်လေးနှစ်ချောင်းထောင်ကာ ပို့ပေးနေပါတော့တယ်။
Shoon (Cele Daily)
  • Leave a Comment